ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

လင်းယုန်နီ

အဖ မြို့အုပ်ဦးငွေခင်၊ အမိ ဒေါ်သန်းတို့မှ ၁၉၂၆ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်၌ မွေးဖွားသည်။ မွေးချင်း ကိုးယောက်ရှိသည့်အနက် တတိယမြောက်ဖြစ်သည်။ အမည်ရင်းမှာ ဦးညီညီဖြစ်ပြီး ကလောင်အမည်ခွဲများမှာ ညီညီ၊ တက္ကသိုလ်လုလင်တို့ဖြစ်သည်။
၁၉၃၂ ခုနှစ်တွင် ရန်ကုန်သို့ရောက်ရှိပြီး ခြောက်နှစ်သားအရွယ်တွင် သူငယ်တန်းမှစတင် သင်ကြားခဲ့သည်။ ပဉ္စမတန်းမှစ၍ ယောက်ျားလေးမက်သဒစ်ကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၁၀)တန်း အထိ ပညာသင်ကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း အာရှလူငယ်အစည်းအရုံးသို့ဝင်၍ ဆိုက်ကားနင်းရင်း နိုင်ငံရေးလှုပ်ရှား မှုများ ပြုလုပ်ခဲ့သည်။ စုပေါင်းသမဝါယမကျောင်း ကြီးကြပ်သူအဖြစ်လုပ်ခဲ့သည်။ ထိုမှ ဗမာ့ကာကွယ် ရေးတပ်မတော်သို့ ဝင်ရောက်၍ တပ်သားကျော်အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် ဖက်ဆစ် တော်လှန်ရေးတွင်လည်းပါဝင်ခဲ့သည်။ ထို့အတွက် လွတ်လပ် ရေးမော်ကွန်းဝင်ဒုတိယဆင့် ချီးမြှင့်ခြင်း ခံရသည်။
စစ်ပြီးခေတ်တွင် တပ်မတော်သားဘဝမှ နုတ်ထွက်ကာ ကျောင်းပြန်တက်၍ ၁၉၄၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ကာ ပညာသင်ကြားခဲ့သည်။ ဥပစာ ဝိဇ္ဇာ(က)တွင် ပညာသင်ကြားရင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတွင်ဝင်ရောက်၍ အမှု¬ဆောင်တစ်ဦးဖြစ်လာခဲ့ပြီး ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဒို့ဗမာအစည်းအရုံး လည်းရှိနေသေးရာ အစည်းအရုံးဝင်အဖြစ် တာဝန်ယူခဲ့ပြန်သည်။ ထိုမှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ် လာခဲ့ပြီး ၁၉၄၆ ခုနှစ်နှင့် ၁၉၄၈ ခုနှစ် ကျောင်းသားနှင့်အမှုထမ်း အထွေထွေသပိတ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....