ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

အောင်လင်း

အဖ အငြိမ်းစား ခရိုင်ရဲဝန်ထောက် ဦးဘရှိန်၊ အမိ ဒေါ်မြစ်(ဒေါ်ဒေါ်မြစ်)တို့မှ ၁၉၂၈ ခုနှစ် မတ်လ ၃၀ ရက် စနေ့ နံနက် ၉း၃၀ နာရီတွင် ပခုက္ကူခရိုင် ရေစကြိုမြို့၌ မွေးဖွားသည်။ အမည် ရင်းမှာ ဦးတင်ဖေဖြစ်ပြီး ကလောင် အမည်ခွဲများမှာ ပခုက္ကူအပုလေး၊ ရွှေကူတင်၊ တက္ကသိုလ်ငတိ၊ ဆူးညှောင့် တို့ဖြစ်သည်။၁၉၄၇ ခုနှစ်မှစ၍ “ပခုက္ကူအပုလေး”၊ “ရွှေကူတင်”၊ “တက်္ကသိုလ်ငတိ”၊ “ဆူးညှောင်” စသောကလောင်အမည်များဖြင့် စာများရေးသားခဲ့သည်။ တော်လှန်ရေးအတွင်းက အသုံးပြုခဲ့သော အမည်ဝှက် “အောင်လင်း”ကို ကလောင်အမည်အဖြစ် ခံယူခဲ့သည်။
၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂ နာရီတွင် ဖဆပလ တိုက်ခန်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....