ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မောင်တင်ဦး (ရုက္ခ)

အဖ ဦးဘသော်၊ အမိ ဒေါ်လှတင်တို့မှ ၁၉၄၄ ခုနှစ်တွင် ဝါးခယ်မမြို့၌ မွေးဖွားသည်။ အမည် ရင်းမှာ ဦးတင်ဦးဖြစ်ပြီး ကလောင်အမည်ခွဲများမှာ မောင်တင်ဦး(ရန်ကုန် တက္ကသိုလ်)ဖြစ်သည်။၁၉၇၀ ပြည့်နှစ်တွင် ဒေါ်သန်းသန်းဌေးနှင့်လက်ထပ်ခဲ့ပြီး သားသမီးနှစ်ဦးမွေးဖွားခဲ့ပါသည်။
၁၉၈၁ ခုနှစ်တွင် စာပေစတင်ရေးသားပြီး ရေးသားခဲ့သည့်စာအုပ်များမှာ-
(၁) သစ်ခွကမ္ဘာ၊
(၂) သုတရတနာသိုက် အပင်များ၊ အခြားသူများနှင့်ပူးတွဲ၊
(၃) ဇီဝဗေဒအဘိဓာန်၊
(၄) သဘာဝပတ်ဝန်းကျင်၊ (ကလေးငယ်များအတွက်)
(၅) ရှာဖွေတွေ့ရှိမှုများ (ကလေးငယ်များအတွက်)
(၆) WATER (ကလေးငယ်များအတွက်) စသည်တို့ ဖြစ်ပါသည်။
ယခုအခါ အမှတ် ၁၅၇၊ ၄၈ လမ်း၊ ရန်ကုန်မြို့တွင်နေထိုင်လျက်ရှိပါသည်။

မောင်တင်ဦး (ရုက္ခ) ၏ စာအုပ်များ