ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ရန်ကုန်ဘဆွေ

ငယ်နာမည်မှာ မောင်မောင်(ခေါ်)လှမောင်၊ မောင်လှဆွေ၊ လှမောင်သွင်ဖြစ်ပြီး အမည်ရင်းမှာ ဦးဘဆွေဖြစ်သည်။ ကလောင်အမည်ခွဲများမှာ လှမောင်၊ သတိုးဆွေ၊ ဝါးခယ်မလှမောင်၊ ဘဆွေတို့ ဖြစ်သည်။ အဖ လယ်သမားဦးကြာဖြူ၊ အမိ ဒေါ်သေးသေးတို့က ၁၉၁၆ ခုနှစ်၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ရေပူဝရွာ၌ မွေးဖွားသည်။ မွေးချင်းနှစ် ယောက်တွင် အငယ်ဆုံးဖြစ်သည်။
ကျောင်းမနေခဲ့သော်လည်း အစ်ကိုဖြစ်သူက စာသင်ပေးသည်။ စိတ်မဝင်စားသဖြင့် အရုပ်ဆွဲ ကပင် ထူးချွန်နေသည်။ ပဋိကတ်ကျမ်းစာများကိုလည်း သင်အံလေ့လာခဲ့သည်။ ထို့အပြင် ဂျုံအိတ်များ တွင် တံဆိပ်ရိုက်သည့်သံပြားဖောက်ပန်းချီမှအစ၊ ကုန်ကြော်ငြာဒီဇိုင်း၊ ရုပ်ရှင်ဆလိုက်၊ ကြော်ငြာ ပြက္ခဒိန်၊ အထည်ဒီဇိုင်းစသည့် ပညာများလည်း တတ်မြောက်သည်။ စာရေးခြင်းအတတ်ကို လည်း မပြတ်မလတ် ဆည်းပူးသည်။
သင်တန်းများမှာ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ပန်းချီပညာသင်ကျောင်း၊ အကပညာသင် ကျောင်းများတွင် ပညာသင်ကြားခဲ့သည်။
ထို့နောက် ဂျုံအိတ်များတွင် တံဆိပ်ရိုက်သည့်သံပြားဖောက်ပန်းချီမှအစ၊ ကုန်ကြော်ငြာဒီဇိုင်း၊ ရုပ်ရှင်ဆလိုက်၊ ကြော်ငြာပြက်္ခဒိန်၊ အထည်ဒီဇိုင်းစသည်တို့ကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၃-၃၄ ခုနှစ်ခန့်တွင် သက်စောင့်မဂ်္ဂဇင်းသို့ “ဝါးကမယ်လှမောင်”အမည်ဖြင့် ဝတ္ထုစရေးသည်။ မဂ္ဂဇင်း တွင် “လှမောင်”ဟုသာ ဖော်ပြခံရသည်။ စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ လူငယ်ကြီးပွား ရေးအသင်း စာစီစာကုံးပြိုင်ပွဲ ပထမဆုရသူ “သတိုးဆွေ”ဟူသော ကလောင်အမည်ကို ပြောင်းလဲ ခံယူသည်။ ၁၉၃၅ ခုနှစ်တွင် “လွန်းရတနာ”စာအုပ်ကုမ္ပဏီ၏ စပါယ်ရှယ်မဂ္ဂဇင်းတွင် တိုက်ထိုင် စာရေးအဖြစ်လည်းကောင်း၊ လိုသမျှစာနှင့် အတွင်းပုံများကို ရေးဆွဲပေးသည်။ ရွှင်ပျော်ပျော်စာအုပ် တိုက်အတွက် ကလောင်အမည်မခံဘဲ ဝတ္ထုနှစ်အုပ် ရေးခဲ့သည်။
၁၉၃၆-၃၉ ခုနှစ်တွင် ပုဇွန်တောင် ဆင်းဂါးကျောင်း၌ ပန်းရေးအလုပ်ကိုလည်းကောင်း၊ “တက်ခေတ်” စာစောင်၌ နိုင်ငံရေးဆောင်းပါး၊ ဝတ္ထုများကိုလည်းကောင်း၊ နဂါးနီဂျာနယ်တွင် ပထမပိုင်း ၌ “ဝါးခယ်မလှမောင်” အမည်နှင့်ရေးသည်။ နောက်ပိုင်းတွင် “ဘဆွေ”အမည်ပြောင်းကာ ရေးသည်။ စာရေးဆရာဘဆွေ နှစ်ယောက်ဖြစ်နေသဖြင့် နဂါးနီစာတည်းချုပ် ဦးထွန်းရွှေက တက္ကသိုလ်ဘဆွေ ကို “ထားဝယ်ဘဆွေ”၊ သူ့ကို ရန်ကုန်ဘဆွေဟု ခွဲခြားပေးလိုက်ရာမှ “ရန်ကုန်ဘဆွေ” အမည်တွင် လာသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....