ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒဂုန်ခင်ခင်လေး

အမည်ရင်းမှာ ဒေါ်ခင်လေးခင်ဖြစ်ပြီး၊ ကလောင်အမည်ခွဲများမှာ ကိုကိုလေး၊ ကုမ္မာရီ၊ ရတနာပုံ ထိပ်တင်လှိုင်၊ ယုဝတီလေနီ၊ ခင်ခင်လေး၊ ခင်လေး၊ နားကြီးမျက်စိကြီး၊ ကလောင်ရှင်တစ်ဦး၊ K.L.K (ကုမ္မာရီ)၊ K.L.K (Mandalay) ၊ မြကလောင်၊ ရေနန်းသူဇာ၊ ရွှေကလောင်၊ အာဘောင်နီ၊ ဒဂုန် ခင်ခင်လေး၊ ယုဝတီ၊ အယ်ဒီတာတစ်ဦး တို့ဖြစ်သည်။ အဖ ဦးရဲအင်စပိတ်တော် ဦးမောင်မောင်ကျော် (ခ) ဦးမြတ်ကျော်၊ အမိ ဝက်မစွတ် ခင်ခင်လတ်တို့မှ ၁၉၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်၊ စနေနေ့ တွင် မန္တလေးမြို့၌ မွေးဖွားသည်။
ကျောက်ပန်းတောင်း အလယ်တန်းမြန်မာစာသင်ကျောင်းနှင့် အဘိုးဖြစ်သူ မြန်မာပညာရှိ ဝက် မစွတ်မြို့စားမင်းထံ ပညာသင်ယူခဲ့သည်။
၁၉၁၆ ခုနှစ်၊ သူရိယမဂ္ဂဇင်း ဝတ္ထုတိုပြိုင်ပွဲ၌ နွဲ့နွဲ့ဟူသောဝတ္ထုတိုကို စာစတင် ရေးသားကာ ၁၉၁၇ ခုနှစ်ထုတ် သူရိမဂ္ဂဇင်းအတွဲ(၁)၊ အမှတ် (၆)တွင် ထည့်သွင်းဖော်ပြခြင်းခံရ သည်။ ထို့နောက် ရှင်မင်းညို၊ ရဲလျှင်မင်းဖြစ်ဝတ္ထုတိုများ၊ ၁၉၂၀ ပြည့်နှစ်မှစ၍ ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုတိုများ၊ ဆောင်းပါးများကို ဒဂုန်ခင်ခင်လေးကလောင်အမည်ဖြင့် ရေးသားခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့၌ ကြည်တော် ဆက် ဝတ္ထုမဂ္ဂဇင်းကို ၁၅ ရက်တစ်ကြိမ်မှန်မှန်ရေးသားထုတ်ဝေခဲ့ သည်။ မြန်မာအမျိုးသမီး စာရေးဆရာများ ဦးစီးထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံးမဂ္ဂဇင်းဖြစ် သည်။ ထို့အပြင် ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုများ၊ ဆောင်းပါးများ ပုံမှန်ရေးသားသည်။ မှော်ဆရာမှတ်တမ်း (ကိုကိုလေး)၊ ဒဂုန်မဂ္ဂဇင်း၊ ယုဝတီစက္ခုကဏ္ဍတွင် အမျိုးသမီးရေးရာဆောင်းပါးများ၊ မြန်မာမှုဆေင်းပါး များကို “ရတနာပုံထိပ်တင်လှိုင်” အမည်ဖြင့် ရေးသားခဲ့သည်။ သတင်းဂျာနယ်တို့၌ နိုင်ငံရေးဆောင်းပါး များ၊ လူမှုရေးဆောင်းပါးများကို ယုဝတီလေနီ အမည်ဖြင့် ရေးသားခဲ့သည်။
ထို့နောက် ၁၉၂၁ ခုမှစပြီး မြန်မာအဆွေရုပ်ရှင်ကုမ္ပဏီအတွက် ဒဂုန်ခင်ခင်လေးအမည်ဖြင့် မြားနတ်မောင်၊ ရည်စားဓားပြ စသည့်ရုပ်ရှင်ဇာတ်ညွှန်းများကို ရေးသည်။ ဒဂုန်ခင်ခင်လေးစာအုပ် တိုက်ကို တည်ထောင်ပြီး စာအုပ်များထုတ်ဝေသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....