စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....
ကိုယ်ရေးအကျဉ်း

ဒဂုန်တာရာ
ဒဂုန်တာရာ၏အမည်ရင်းမှာ ဦးဌေးမြိုင်ဖြစ်သည်။ ၁၉၁၉ ခုနှစ်တွင် ကျိုက်လတ်မြို့နယ် ထိုင်ကူ မြစ်ကမ်းရွာ၌ အဘ ဦးဘအုံး၊ အမိ ဒေါ်ဖွားရှင်တို့မှ မွေးဖွားသည်။ ၁၉၃၇ တွင် ဆယ်တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ်၌ (၁၉၃၇-၄၀) ဆက်လက်ပညာသင်ကြားသည်။ တက္ကသိုလ် သမဂ္ဂခေါင်းဆောင်နှင့် အိုးေ၀ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်ခဲ့သည်။ စစ်ပြီးခေတ်ကာလ၌ “တာရာ” မဂ္ဂဇင်းကို ဦးစီးထုတ်ဝေခဲ့သည်။ “စာပေသစ်”ကို ကြွေးကြော် ရှေ့ဆောင်ခဲ့သည်။
သူသည် ဝတ္ထုရေးသူအဖြစ်နှင့်သာမဟုတ်။ ကဗျာဆရာ၊ စာပေဝေဖန်ရေးဆရာအဖြစ် ထင်ရှားသော သူဖြစ်သည်။ ထို့ပြင် သူသည် ဂီတနှင့်ပန်းချီတွင်လည်း ဝါသနာထုံသည်။ စန္ဒရားတီးခြင်းတွင် ကျော်ကြား၍ ဆီဆေးရေးခြင်းတွင် တစ်ဘာသာဖြစ်ကြောင်း အသိအမှတ်ပြုကြရသည်။
သူ၏ထင်ရှားသောစာအုပ်များမှာ “မေ” (၁၉၄၁)၊ “ဒဂုန်တာရာ” (၁၉၅၀)၊ “ဂန္ဓာလရာဇ်” (၁၉၅၁)၊ “ရုပ်ပုံလွှာ” (၁၉၅၅)၊ “စပယ်ဦး” (၁၉၆၁)၊ “အလင်္ကာ” (၁၉၆၂)၊ “လရောင်ရွှန်းမြသော ညတစ်ည” (၁၉၆၄) နှင့် “စာပေသဘောတရား၊ စာပေဝေဖန်ရေး၊ စာပေလှုပ်ရှားမှု” (၁၉၆၇) တို့ ဖြစ်သည်။
သူသည် မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့သည်။ ထို့ပြင် သူသည် ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ (ယခင် စာရေးရာ စာပေကလပ်) ကို ဦးစီးတည်ထောင်သူတစ်ဦးလည်း ဖြစ်ခဲ့သည်။
၁၉၆၁ တွင် စံပယ်ဦးဖြင့် စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆုကို ရရှိခဲ့သည်။ ၂၀၀၁ တွင် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆုကို ရရှိခဲ့သည်။
၂၀၁၃၊ သြဂုတ် ၁၉ တွင် ကွယ်လွန်သည်။