ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒိုဂျေဆန်း

အဖ ဦးတင်မောင်ကျော်၊ အမိ ဒေါ်ခင်လေးမြင့်တို့မှ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ အောင်ကျော်ဦးဖြစ်ပြီး ကလောင်အမည်ခွဲများမှာ အောင်ကျော်၊ ကိုဇေယံ၊ မန်သူစေး၊ ချက္ကဝါတို့ဖြစ်သည်။ တီတီစီ (ကမာရွတ်)၊ ဒေသကောလိပ် (၂)လှိုင်၊ ရန်ကုန် တက္ကသိုလ်(ကမာရွတ်)တို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc (Maths) ဘွဲ့ကိုရရှိခဲ့သည်။
၁၉၈၉-၉၃၊ ၁၉၉၄-၉၆၊ ၁၉၉၇-၂၀၀၀ အထိ ဆက်သွယ်ရေးအရာရှိအဖြစ်၊ သင်္ဘောလိုက်၍ ၂၀၀၃ ခုနှစ်တွင် ရန်ကုန်လမ်းညွှန်လုပ်ငန်းစုတွင် လက်ထောက်အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ် UMFCCI/ Business Magazine နှင့် မြန်မာစက်မှုဒိုင်ဂျက် အယ်ဒီတာချုပ်၊ ကုမ္ပဏီ မှထုတ်ဝေသော လမ်းညွှန်စာအုပ်များအတွက် အသင်းတာဝန်ခံအဖြစ်လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့ပါသည်။
၁၉၈၄ ခုနှစ်တွင် ဒေါ်သဇင်လှိုင်နှင့် လက်ထပ်ခဲ့ပြီး သားနှစ်ယောက် မွေးဖွားခဲ့ပါသည်။
၁၉၈၆ ခုနှစ်၌ စာစတင်ရေးသားခဲ့ပါသည်။ ရေးသားခဲ့သည့်စာအုပ်များမှာ ကြယ်မင်းတို့၏ ရာဇဝင်၊ ဝမ်းကြာတိုက် ရင်ခုန်သံ၊ ပြုံးပန်းဝေဆာ ဂမ်္ဘီရရောင်စဉ်ပညာ၊ ဂဏန်းများနှင့်ကခုန်ခြင်း (အောင်ကျော်)၊ နေတတ်ရင်ကျေနပ်စရာ(ကိုဇေယံ)၊ ဓာတုပစ္စည်း ဘေးအန္တရာယ်ထိန်းချုပ်ခြင်းနှင့် ကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ်ထိန်းချုပ်ခြင်းနှင့်ကာကွယ်ခြင်း၊ သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် အရေးပေါ်စီမံချက်များ၊ မျက်မှောက်ခေတ်ထင်ပေါ်ကျော်ကြား၊ သူတို့၏တင် ဆက်မှု မှော်ပညာ(မန်းသူစေး)၊ ဆီဆေးပန်းချီ သင်ရိုး၊ တိရစ္ဆာန်ပုံလှလှလွယ်လွယ်ရေးကြစို့၊ ပန်းအလှ ရေဆေးပန်းချီ၊ အမျိုးသမီးထုအတွက် ဘဝအောင်ပွဲစစ်အတတ်ပညာ (ချက္ကဝါ)၊ ရုပ်ရှင်ပြုလုပ်နည်း သင်ရိုး၊ စတိဗ်ဂျော့ရဲ့ဈင်(ရုပ်ပြဘာသာပြန်)၊ နှိုက်နှိုက်ချွတ်ချွတ် ခေတ်ပေါ်မော်တော်ကားပြုပြင် ထိန်း သိမ်းနည်းလက်စွဲ၊ တစ်မူထူးခြားအောင်လုပ်ပါ၊ ထထ အိပ်ဆေးသောက်ချိန်ရောက်ပြီ၊ ဘယ်သူ့ကို ဘယ်လိုပြောမလဲ၊ ပျော်ရွှင်သုခစကားအတိုအစများ၊ 30 minutes Series ပြဿနာဆိုရင် အဖြေရှာ၊ အချိန်ကိုနိုင်ယူ၊ အစည်းအဝေးစဖို့ မိနစ် ၃၀ အလို၊ မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်ရေး၊ လူကဲခတ်ပညာ၊ ဦးစီးပဲ့ကိုင်လိုနေပြီ။ အဲဒီတော့...၊ အထင်ကရလူ၊ ခေတ်မီမော်တော်ကားများ၏ အတွင်းရေးအပြင်ရေး(စက်ပြင်ဆရာတစ်ဦး) အစရှိသည့် စာအုပ်များ ရေးသားခဲ့ပါသည်။
ယခုအခါ အမှတ်(၁၉)၊ အောင်သိဒ္ဓိရိပ်သာ ၂ လမ်း၊ ခဝဲခြံအနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ တွင် နေထိုင်လျက်ရှိသည်။