ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒေါင်းနွယ်ဆွေ

အဖ ရာဇဝတ်ဝန်ထောက် ဦးဘထိန်၊ အမိဒေါ်ဖုန်ရိန်တို့က ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်း သာပေါင်းမြို့၌ မွေးဖွားသည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံး ဖြစ်ပြီး အမည်ရင်းမှာ မောင်အောင်သာ ဖြစ်သည်။ နောင်တွင် မောင်အောင်ဆွေဟု အမည် ပြောင်းခဲ့သည်။ ကလောင်အမည်ခွဲများမှာ ဒေါင်ဒင်၊ စနေမောင်ပွေ၊ ဒေါင့်ဒဲတွန့်၊ လေဥဒေါင်း၊ ဇင်ဦး တို့ဖြစ်သည်။
ငါးသိုင်းချောင်းမြို့၊ အမျိုးသားကျောင်း (၁၉၄၀-၄၂)၊ ရန်ကုန်ဗဟိုအစိုးရအထက်တန်း ကျောင်း(၁၉၄၆-၄၇)၊ ရန်ကုန် ပြည်သူ့သိပ္ပံအလွတ်ပညာသင်ကျောင်း(၁၉၄၇-၄၈)၊ ရန်ကုန် ရေကျော် မက်သဒစ် ကျောင်း(၁၉၄၉-၅၈)တို့တွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ယူခဲ့သည်။
စီးပွားရေးသတင်းစာတွင် ဘာသာပြန်အယ်ဒီတာ (၁၉၅၀-၅၁)၊ ကလောင်သစ်မဂ္ဂဇင်း၊ စာပေ သစ် မဂ္ဂဇင်း၊ သွေးသောက်မဂ္ဂဇင်းတို့၌ အယ်ဒီတာ (၁၉၅၂)၊ တိုင်းရင်းမေဂျာနယ် အယ်ဒီတာ (၁၉၅၃-၆၁)၊ အလွတ်ပညာသင်ကျောင်းဆရာ(၁၉၆၁-၆၃)၊ ဖြူနီညိုပြာမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ (၁၉၆၉)၊ အိုးဝေဂျာ နယ်အုပ်ချုပ်မှုအယ်ဒီတာ (၁၉၆၉-၇၂)အဖြစ် ဆောင်ရွက်ခဲ့သည်။ “ပြည်ဟိန်း ကျော်”အမည် ဖြင့် လက္ခဏာ၊ ဗေဒင်ဟောပြောခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....