ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဓူဝံ

ဓူဝံ အမည်ရင်းမှာ ဦးသန်းတင့်ဖြစ်သည်။ ဦးသန်းတင့်ကို ၁၉၀၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် အာလံ(ယခု အောင်လံ)မြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ အငြိမ်းစားအရေးပိုင် ဦးခက်နှင့် ဒေါ်မမကြီးဖြစ်သည်။ မွေးချင်းကိုးယောက်တွင် ဆဋ္ဌမမြောက်ဖြစ်သည်။ အင်းစိန်နှင့် ရန်ကုန်အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့ပြီး ၁၉၂၅-၂၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။ ၁၉၂၉-၃၀ ရန်ကုန်တက္ကသိုလ်မှ ထွက်သည်။
၁၉၃၃ ခုနှစ်တွင် မြန်မာ့အလင်း သတင်းစာ နယ်လှည့်သတင်းထောက်အဖြစ် သတင်းစာလောကသို့ စတင်ဝင်ရောက်သည်။ ထို့နောက် မြန်မာ့အလင်း သတင်းစာ ရန်ကုန်သတင်းထောက်၊ ထို့နောက် ဘာသာပြန် အယ်ဒီတာဖြစ်သည်။၁၉၃၈ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ တာဝန်ခံအယ်ဒီတာဖြစ်သည်။၁၉၃၃-၃၄ ခုနှစ်မှစ၍ ဒဂုန်မဂ္ဂဇင်းတွင် ဝတ္ထုများ စရေးသည်။ ထိုစဉ်ကပင် ကလောင်အမည် “ဓူဝံ” ယူခဲ့သည်။ “ဓူဝံ” ကလောင်အမည်အပြင် အခြားကလောင်အမည် အမျိုးမျိုးဖြင့်လည်း ဆောင်းပါးများ ရေးခဲ့သည်။ ထို့နောက် ဓူဝံမဂ္ဂဇင်းတွင် ဝတ္ထုများ ရေးသည်။ ၁၉၃၇-၃၈ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာ၌ သတင်းထောက် အမည်ရှိ အခန်းဆက်ဝတ္ထု စရေးသည်။ ခေတ်သစ် သတင်းစာတွင်လည်း အခန်းဆက်ဝတ္ထုများ ရေးခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....