ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒေါက်တာ ရှိတ်အပ္ပဒူရာမန်

အဖ ဒေါက်တာရာဟင်ဘောက်၊ အမိ ဒေါ်သက်တို့မှ ၁၈၇၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ပသီလူမျိုးဖြစ်သဖြင့် ဒေါက်တာရာမန်မှာ ဇေရဘာဒီလူမျိုးဖြစ်သည်။ မြန်မာအမည်မှာ ဦးဖိုးသာဇံဖြစ်သည်။
၁၈၈၄ ခုတွင် ရန်ကုန်ဟိုက်စကူးကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး အသက် ၁၄ နှစ်သားတွင် ခုနစ်တန်းအောင်ခဲ့သည်။ မာဒရတ်မြို့တွင် ဆေးပညာကို ၄ နှစ်သင်ယူပြီး ဇူလိုင် ၂၅၊ ၁၈၈၉ ခုမှစ၍ ဆေးရုံလက်ထောက် (Hospital Assistant) အဖြစ်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အလုပ်မှခွင့်ယူကာ အင်္ဂလန်နိုင်ငံတွင် ပညာဆက်လက်သင်ကြားသည်။ entrance တွင် ၉ တန်း စာမေးပွဲ(မက်ထရစ်တန်း)၊ အက်ဖအေစာမေးပွဲ(အိုင်အေ) အောင်မြင်ပြီး အင်္ဂလန်ဆေးသိပ္ပံမှ ဗြိတိန် နိုင်ငံတော် ဆေးပညာဒီဂရီကို ရခဲ့သည်။
ရန်ကုန်ဆေးရုံကြီးတွင် ၁၉၀၅ ခု၌ လက်ထောက်ဆရာဝန်အတန်းတွင် အမြင့်ဆုံးအဆင့် သို့ ခန့်အပ်ခံရသည်။ ၁၉၀၅ ခု ဧပြီတွင် ဒိစကြိတ်ဆရာဝန်ကြီးရာထူးသို့ ရာထူးတိုး ထမ်းဆောင်ခဲ့ရ သည်။ သုံးခွ၊ ရမည်းသင်း၊ ရွှေဘို၊ ဖျာပုံ၊ ကသာနှင့် အောက်ချင်းတွင်းခရိုင်များတွင် ထိုရာထူးဖြင့် အမှုထမ်း ဆောင်ရွက်ခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဟံသာဝတီခရိုင်၌ ကျောက်ကြီးရောဂါ တိုက်ဖျက်ရေး တာဝန် ကိုလည်း ထမ်းဆောင်ခဲ့သည်။
မြန်မာစာ မြန်မာမှုကို အထူးပင် နှစ်ခြိုက်ခုံမင်ကာ ဣန္ဒာဝံသဇာတ်၊ ရာမဇာတ်များမှအစ ဓားပိန်ဦး မောင်ကြီး ၏ ခြောက်ပြားတန် ဇာတ်စာအုပ်များကိုပါမကျန် လေ့လာမှတ်သားခဲ့သည်။
၁၈၉၆ ခုတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် Arabian Nights Entertainment ကို မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့ရာ မြန်မာဖတ်စာအုပ်အဖြစ် ပြဋ္ဌာန်းခံခဲ့ရသည်။ဒေါက်တာရာမန်သည် ၁၉၁၆ ခု ဇူလိုင် ၂၉ ရက် (အသက် ၄၆ နှစ် ၆ လအရွယ်) တွင် ပြင်ဦးလွင်မြို့၌ ကွယ်လွန်ခဲ့သည်။