ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒဂုန်ဦးလှဘေ

အမည်ရင်းမှာ ဦးလှဘေဖြစ်ပြီး၊ ကလောင်အမည် ခွဲမှာ ဦးဒဂုန်ဖြစ်သည်။ အဖ တောင်သူ
ဦးရေချမ်း၊ အမိ ဒေါ်ပန်းဥတို့မှ ၁၈၉၉ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၊ ရေတာရှည်မြို့၌ မွေးဖွားသည်။
တောင်ငူမြို့ ဦးလက္ခဏာနော်မန်ကျောင်းတွင် ခေတ်ပညာနှင့်သဒ္ဒါ၊ သင်္ဂြိုဟ်စသော ဘုန်းကြီး
ကျောင်းပညာများကို ဆည်းပူးခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ကိုးတန်းအောင်သည်။
မန္တလေးသမဝါယမပညာနှင့် စာရင်းစစ်ပညာသင်ကျောင်း၌ ပညာဆက် လက်သင်ကြားပြီး ၁၉၂၀-၂၁
ခုနှစ်တွင် အထက်တန်းသမဝါယမပညာနှင့် စာရင်းစစ်စာမေးပွဲအောင် မြင်သည်။
၁၉၂၁ ခုနှစ်မှ စ၍ မန္တလေးတိုင်း သမဝါယမဝန်ထောက်ဦးမောင်ပြားထံတွင် တွဲဖက်စာရင်းစစ် အဖြစ်
အမှုထမ်းသည်။ ထိုစဉ်မှာပင် မြန်မာစာမြန်မာမှုဆိုင်ရာ နိုင်ငံခြားပညာရှင် မြန်မာပညာရှင်တို့၏
လေ့လာမှုများကို အနီးကပ်လေ့လာခွင့်ရခဲ့သည်။ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းတို့ကို တည်းဖြတ်ရာ တွင်
အကူအညီပေးခဲ့သည်။
၁၉၂၄ ခုနှစ်တွင် ဒေါ်တုတ်နှင့်လက်ထပ်ခဲ့သည်။ သစ္စာဝါဒီသတင်းစာနှင့် မန္တလေးထုတ်
သမဝါယမဟိတဂျာနယ်တို့တွင် ဆောင်းပါးများစတင်ရေးသားခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်း
အယ်ဒီတာအဖြစ်ဆောင်ရွက်ရင်း ဒဂုန်ဦးလှဘေအမည်ဖြင့် မြန်မာစာပေယဉ်ကျေးမှုဆောင်ပါးများ
အစဉ်တစိုက်ရေးသားခဲ့သည်။ “ဦးဒဂုန်”အမည်ဖြင့် နိုင်ငံတကာသတင်းပဒေသာ ဓာတ်ပုံဆောင်းပါး
များရေးသားသည်။ ထူးခြားသည့် စာပေကြိုးပမ်းမှုအဖြစ် တက္ကသိုလ်ကဏ္ဍကို ဖွင့်ပေးခဲ့သည်။ ၁၉၄၀
ပြည့်နှစ်တွင် ဗြိတိသျှ ဘာမားရုပ်ရှင်စာစောင် အယ်ဒီတာ၊ ၁၉၄၅-၄၆ ခုနှစ်တွင် ဟံသာဝတီ
သတင်းစာတွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကိုယ်ပိုင် ရွှေပြည်တန်စာပုံနှိပ်တိုက်နှင့် စာပေ
ထုတ်ဝေရေးလုပ်ငန်းများ လုပ်ကိုင်သည်။
၁၉၅၇ ခုနှစ်တွင် ဗိုလ်တထောင်သတင်းစာ တည်ထောင်သူတစ်ဦးအဖြစ်ပါဝင်ပြီး ဗိုလ်တထောင်
သတင်းစာတွင် ခေါင်းကြီးနှင့်စာပေ ယဉ်ကျေးမှုဆောင်းပါးများ ပင်တိုင်ရေးပေးခဲ့သည်။ ၁၉၇၁ ခုနှစ် တွင်
မြန်မာစာကော်မရှင်အဖွဲ့ဝင်ဖြစ်လာပြီး ၁၉၇၅ ခုနှစ် မြန်မာကော်မရှင်ကို မြန်မာစာအဖွဲ့အမည်
ပြောင်းလိုက်သောအခါ မြန်မာစာအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ပြီး မြန်မာသဒ္ဒါနှင့် မြန်မာစာအဘိဓာန်
ကျမ်းပြုရာတွင် ပါဝင်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....