ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

လှသမိန်

အမည်ရင်းမှာ ဦးလှတင်ဖြစ်ပြီး ကလောင်အမည်ခွဲများ မာဏဝ၊ လှလေးကို၊ လှထွဋ်ဦး၊ ဇီဝက၊ သူလေးလှ၊ ခန့်ခန့်ကြီး၊ ဦးလှထင်တို့ဖြစ်သည်။ အဖ အမျိုးသား ကျောင်းအုပ် ဦးဖန်၊ အမိ ဒေါ်ငွေတို့က ၁၉၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့၌ မွေးဖွားသည်။ စာပေလောကတွင် ဘာသာရပ်များစွာ၊ စာမျိုးစုံစွာ၊ မြောက်မြားစွာရေးသားနိုင်ဆုံးသော စာရေး ဆရာကြီးတစ်ဦးပင် ဖြစ်ခဲ့သည်။ လွတ်လပ်ရေးမော်ကွန်းဝင်(တတိယဆင့်) ချီးမြှင့်ခြင်းလည်း ခံရသည်။ ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။