ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဦးထက်မြက်

အဖ ဦးဘိုးသီ၊ အမိ ဒေါ်သိန်းတင်တို့မှ ၂၃-၁၁-၁၉၄၀ နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးကျော်နိုင်ဖြစ်ပြီး ကလောင်အမည်ခွဲများမှာ မောင်ရိုး၊ ရဲကောင်းထက်၊ မောရိယ၊ မင်းအိမ်စည်၊ မိုးရဲတို့ ဖြစ်သည်။၁၉၇၂ ခုနှစ်မှစတင်၍ စာရေးသားခဲ့သည်။ ရေးသားခဲ့သည့်စာအုပ်များမှာ ငုယင်ဗန်ထရွိုင်း၊ အိုယန်ဟိုင်၏တေးသံ (နိုင်ဝင်းဆွေနှင့်ပူးတွဲ)၊ နေ့၏နေရောင်ဆီသို့ ည၏ကြယ်ရောင် နှင့်အတူ၊ သူတို့ကိုးယောက်၊ မင်းမဲ့ဝါဒနှင့်အကြမ်းဖက်ဝါဒ၊ ကမ္ဘာကို ပြောင်းလဲခဲ့သောမိန်းမများ၊ အောင်ဆန်း၊ လူငယ်နှင့်နိုင်ငံရေး၊ ဂျော့ဒဗလျူဘုရှ်၊ သူတို့သိသောအိုစမာဘင်လာဒင်၊ ကျွန်တော်လေးစားချစ်ခင်သူ များ အစရှိသည်တို့ ဖြစ်သည်။
ယခု အမှတ် ၇/ဦးစံဖေလမ်း၊ ဦးစံဖေ ရပ်ကွက်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်တွင် နေထိုင်ပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....