ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မောင်ခင်မင် (ဓနုဖြူ )

အမည်ရင်းမှာ ဒေါက်တာဦးခင်အေးဖြစ်ပြီး အဖ ဦးရာမ၊ အမိဒေါ်စောတင်တို့မှ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဓနုဖြူနယ် ကျုံတနီးရွာ၌ မွေးဖွားသည်။၁၉၅၇ ခုနှစ်မှစ၍ စာနယ်ဇင်းများတွင် ဆောင်းပါးစတင်ရေးသားခဲ့ပြီး ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများတွင် စာတမ်းပြုစုတင်သွင်းခဲ့သည်။ ၁၉၈၇ ခုနှစ်၊ စာပေဗိမာန်စာမူဆု ပြိုင်ပွဲတွင် “မြန်မာစကားမြန်မာစာရုပ်ပုံလွှာ” စာမူဖြင့် သုတပဒေသာ (ဝိဇ္ဇာ) ပညာရပ်တွင် ပထမဆု ရရှိခဲ့သည်။
၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ် မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် “ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့” Doctor of Letters (Honoris Causa) ကို ချီးမြှင့်အပ်နှင်းခြင်းခံရပြီး နှစ်လေးဆယ် ဘဝမှတ်တိုင်များစာအုပ်ဖြင့် အမျိုးသားစာပေဆု (စာပေပဒေသာဆု)ကို ရရှိခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....