ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဒေါ်ခင်မျိုးချစ်

အဖ ရာဇဝတ်ဝန်ထောက် ဦးတော်၊ အမိ ဒေါ်သန်းတင်တို့မှ ၁၉၁၅ ခုနှစ်၊ မေလ ၁ ရက် စနေနေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မခင်မြဖြစ်သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ ပြည်မြို့အစိုးရကျောင်း၊ သရက်မြို့အစိုးရအထက်တန်းကျောင်း၊ မိတ္ထီလာအမျိုးသားကျောင်း နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ် ဘာသာအဓိကဖြင့် ရရှိသည်။
၁၉၃၉ ခုနှစ်တွင် ဦးခင်မောင်လတ် (လုပ်သားပြည်သူ့နေစဉ် အင်္ဂလိပ်သတင်းစာ အယ်ဒီတာ ချုပ်၊ နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်)နှင့် လက်ထပ်သည်။ သားတစ်ဦး မွေးဖွားသည်။
၁၉၃၇ ခုနှစ်တွင် တိုးတက်ရေးနှင့်ဘားမားဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၄၈ ခုနှစ်တွင် တိုင်းရင်းသူ ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၄၉ ခုနှစ် မှ ၁၉၅၂ ခုနှစ်အထိ စာပေဗိမာန်စာပြု၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ဂါးဒီးယန်း (Guardian) အင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၆၃ ခုမှ ၁၉၆၈ ခုနှစ်အထိ လုပ်သားပြည်သူ့နေ့စဉ်(The Working People's Daily)အင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖြစ်ဆောင် ရွက်သည်။ တစ်ဖက်တွင်လည်း ဒဂုန်၊ သူရိယ၊ နဂါးနီအပတ်စဉ်၊ ဒီးဒုတ်ဂျာ နယ်၊ မြန်မာ့အလင်း စသည့်ဂျာနယ်များတွင် စာမျိုးစုံ ရေးသားခဲ့သည်။
၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသူတစ်ဦး အဖြစ်တက်ကြွစွာပါ ဝင်ခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ထိ ဂျပန်ခေတ်တွင် ဘီဒီအေစစ်ရုံး၌ အမှုထမ်းသည်။ ၁၉၄၇ ခုနှစ် တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပသည့် အာရှတိုက်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံသို့ ဦးကျော်မြင့်၊ ဒေါက်တာသာလှ၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)တို့နှင့်အတူ တက်ရောက်ခဲ့ သည်။စာပေလောကတွင် ၁၉၄၅ ခုနှစ် ဂျပန်ခေတ် သုံးနှစ်တာ (The Years Under the Jpas) ကို အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး လုံးချင်းအဖြစ် စတင်ရေးသားထုတ်ဝေခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာဘာသာဖြင့် ရေးသားသော ပထမဦးဆုံးလုံးချင်းစာအုပ်မှာ “ကောလိပ်ကျောင်းသူ” ဖြစ်သည်။ ၁၉၅၆ ခုနှစ် မေလ ဂါဒီးယန်းမဂ္ဂဇင်းပါ ၁၃ ရတီစိန်ကြီး (13 Carat Diamond) ဝတ္ထုကို ဂျာမန်၊ အူရဒူ၊ ယူဂိုဆလပ်၊ အီတာလျံ ဘာသာအသီးသီးသို့ ပြ­န်ဆိုရေးသားခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှစာရေးဆရာများအတွက် ကျင်းပသော အင်္ဂလိပ်ဘာသာ ဝတ္ထုတို ပြိုင်ပွဲ၌ Her Infinite Variety ဝတ္ထုဖြင့် ပထမဆု ချီးမြှင့်ခြင်းခံရသည်
အဖ ရာဇဝတ်ဝန်ထောက် ဦးတော်၊ အမိ ဒေါ်သန်းတင်တို့မှ ၁၉၁၅ ခုနှစ်၊ မေလ ၁ ရက် စနေနေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ မခင်မြဖြစ်သည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ ပြည်မြို့အစိုးရကျောင်း၊ သရက်မြို့အစိုးရအထက်တန်းကျောင်း၊ မိတ္ထီလာအမျိုးသားကျောင်း နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ် ဘာသာအဓိကဖြင့် ရရှိသည်။
၁၉၃၉ ခုနှစ်တွင် ဦးခင်မောင်လတ် (လုပ်သားပြည်သူ့နေစဉ် အင်္ဂလိပ်သတင်းစာ အယ်ဒီတာ ချုပ်၊ နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်)နှင့် လက်ထပ်သည်။ သားတစ်ဦး မွေးဖွားသည်။
၁၉၃၇ ခုနှစ်တွင် တိုးတက်ရေးနှင့်ဘားမားဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၄၈ ခုနှစ်တွင် တိုင်းရင်းသူ ဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၄၉ ခုနှစ် မှ ၁၉၅၂ ခုနှစ်အထိ စာပေဗိမာန်စာပြု၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ဂါးဒီးယန်း (Guardian) အင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၆၃ ခုမှ ၁၉၆၈ ခုနှစ်အထိ လုပ်သားပြည်သူ့နေ့စဉ်(The Working People's Daily)အင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖြစ်ဆောင် ရွက်သည်။ တစ်ဖက်တွင်လည်း ဒဂုန်၊ သူရိယ၊ နဂါးနီအပတ်စဉ်၊ ဒီးဒုတ်ဂျာ နယ်၊ မြန်မာ့အလင်း စသည့်ဂျာနယ်များတွင် စာမျိုးစုံ ရေးသားခဲ့သည်။
၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်တွင် သပိတ်မှောက်ကျောင်းသူတစ်ဦး အဖြစ်တက်ကြွစွာပါ ဝင်ခဲ့သည်။ ၁၉၄၁ ခုနှစ်မှ ၁၉၄၅ထိ ဂျပန်ခေတ်တွင် ဘီဒီအေစစ်ရုံး၌ အမှုထမ်းသည်။ ၁၉၄၇ ခုနှစ် တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ကျင်းပသည့် အာရှတိုက်ဆိုင်ရာ ယဉ်ကျေးမှုညီလာခံသို့ ဦးကျော်မြင့်၊ ဒေါက်တာသာလှ၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဦးဝန်(မင်းသုဝဏ်)တို့နှင့်အတူ တက်ရောက်ခဲ့ သည်။စာပေလောကတွင် ၁၉၄၅ ခုနှစ် ဂျပန်ခေတ် သုံးနှစ်တာ (The Years Under the Jpas) ကို အင်္ဂလိပ်ဘာသာဖြင့် ပထမဆုံး လုံးချင်းအဖြစ် စတင်ရေးသားထုတ်ဝေခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် မြန်မာဘာသာဖြင့် ရေးသားသော ပထမဦးဆုံးလုံးချင်းစာအုပ်မှာ “ကောလိပ်ကျောင်းသူ” ဖြစ်သည်။ ၁၉၅၆ ခုနှစ် မေလ ဂါဒီးယန်းမဂ္ဂဇင်းပါ ၁၃ ရတီစိန်ကြီး (13 Carat Diamond) ဝတ္ထုကို ဂျာမန်၊ အူရဒူ၊ ယူဂိုဆလပ်၊ အီတာလျံ ဘာသာအသီးသီးသို့ ပြ­န်ဆိုရေးသားခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှစာရေးဆရာများအတွက် ကျင်းပသော အင်္ဂလိပ်ဘာသာ ဝတ္ထုတို ပြိုင်ပွဲ၌ Her Infinite Variety ဝတ္ထုဖြင့် ပထမဆု ချီးမြှင့်ခြင်းခံရသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....