ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ကြည်နိုင်

အဖ ဦးတင်ရွှေ၊ အမိ ဒေါ်သန်းတို့မှ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် လက်ပံ တန်းမြို့နယ်၊ နတ်စင်ကုန်းကျေးရွာတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးလှကြည် ဖြစ်သည်။ ဇာတိရွာ ဘုန်းတော်ကြီး ကျောင်း တွင် ပညာသင်ယူခဲ့ပြီး လက်ပံတန်းမြို့နယ် အထက (၁) ၌ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည် ။ လူငယ်သင်တန်းကျောင်း လက်ထောက်အဆောင်မှူး၊ စာပြင်ဆရာ၊ အယ်ဒီတာ စသည်ဖြင့် လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ခဲ့သည်။ “မြန်မာ့ဓန” စာစောင်တွင် အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ပြီး “အမြွာ ညီနောင်“ စာပေထုတ်ဝေရေးတိုက်တွင် စီစဉ်သူအယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ဂိတ်တံခါး နှင့် သက်တန့်ရောင် ရသစာတမ်း၊ ဓနဗေဒ အလှဗေဒ၊ ပုဏ္ဏားတိုင်၊ နာရီခွဲသူများ၊ ပုံပြင်ကမ္ဘာကြီး သူထဲက ကဗျာဇာတ်ကောင်များ၊ ရသစာတမ်းငါးအုပ်၊ မြန်မာစကားပုံ၊ ပုံပြင်များ သုံးတွဲနှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် စာစီစာကုံး ရေးသားပြုစုခဲ့သည်။ ယခုအခါ အမှတ်(၂၄၆)၊ နဝရတ်လမ်း၊ စဉ့်ငူရပ်၊ အောင်ဆန်းမြို့၊ ရန်ကုန်တိုင်းတွင် နေထိုင်လျက် ရှိသည်။