ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ကျော်ရင်မြင့်

အဖ ဦးဘရှိန်၊ အမိ ဒေါ်သိန်းရင်တို့မှ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာ၌ ၁၉၅၁ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်အရင်းမှာ ဦးကျော်ရင်မြင့် ဖြစ်သည်။ ၁၉၅၆ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ သုံးဆယ်ပေးရွာ အစိုးရအလယ်တန်းကျောင်း၊ ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ မန္တလေးမြို့ အစိုး အထက် တန်း ကျောင်း ပညာသင်ကြားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၌ ရူပဗေဒ အဓိကဘာသာဖြင့် တက်ရောက်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ပထမဆင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းအောင်မြင်ခဲ့သည်။ ၁၉၈၆ ခုနှစ် တွင် တို့ကျောင်းသား စာစောင်တွင် “မွေးမေမေ” ကဗျာ စတင်ဖော်ပြခံရသည်။ ၁၉၈၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ဝေလနယ်၊ ကာဒစ်တက္ကသိုလ် Thomson Foundation မှ Advanced Diploma in Jornalism လက်မှတ်ရသည်။ ထိုနှစ်မှာပင် နှစ်စဉ်ချီးမြှင့်သော ဗြိတိသျှသတင်း ဆရာဂုဏ်ပြု အမှတ်တရဆု The Don Rawlands Memorial Prize ရရှိသည်။ ၁၉၉၀-၁၉၈၉ ခုနှစ်တွင် လူထုစာအုပ်တိုက်၏ အချိန်ပိုင်း အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ HIDS, AIDS ကူးစက်ရောဂါများဆိုရာ စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့သည်။
ဓန၊ မြန်မာ့ဓန၊ Living Color ၊ ရနံ့သစ်၊ ကုမုဒြာ စသည့်မဂ္ဂဇင်းများ၌ ကျော်ရင်မြင့်၊ ဖေလင်း သစ် ကလောင်အမည်များဖြင့် စာများရေးသားခဲ့သည်။
ယခုအခါ အမှတ် ၂၉၊ ၇၈ လမ်း (၁၁-၁၂) လမ်းအတွင်း မြောက်ပြင်၊ မန္တလေးမြို့နေအိမ်တွင် နေထိုင်လျက်ရှိသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....