ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မောင်ကိုယု

အဖ ဦးအုန်းခိုင် + အမိဒေါ်ကြင်မေတို့မှ ပဲခူးမြို့၊ ဝင်္ကဘာလမ်း၊ ဇိုင်းဂနိုင်းတောင်ပိုင်း၌ ၁၉၃၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖွားမြင်ခဲ့ပါသည်။ မွေးချင်း (၉) ယောက်အနက် (၇) ယောက် မြောက်ဖြစ်ပါသည်။ အမည်ရင်းမှာ မောင်ကိုယု (ခေါ်) တန်ယုရင် ဖြစ်ပါသည်။ ဥပဒေပညာဌာန၊ လက်ထောက်ကထိကနှင့် တရားရုံးချုပ်ရှေ့နေအဖြစ် တာဝန်များထမ်း ဆောင်ရင်း မောင်ကိုယုအမည်ဖြင့် ဝတ္ထုများ၊ မောင်သစ်အမည်ဖြင့် သရော်စာ ဆောင်းပါးများ ရေးသား ခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့ပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....