ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

အရှင်စန္ဒမာလာလင်္ကာရ

အမည်ရင်းမှာ မောင်ကျော်ဇောအောင် ဖြစ်သည်။ အဖ ခမည်းတော် ဦးအောင်ကျော်ဇော၊ အမိ မယ်တော် ဒေါ်ဝင်းလှဖြူတို့မှ မြန်မာသက္ကရာဇ် ၁၂၂၃ ခုနှစ် (ခရစ်နှစ် ၁၈၆၁)တွင် ရခိုင်ပြည်နယ်၊ ရမ်းပြည့်မြို့နယ်၊ ရွာပုလဲကျေးရွာတွင် ဖွားမြင်တော်မူသည်။ မွေးချင်းသုံးယောက်တွင် အငယ်ဆုံးဖြစ် သည်။ဆရာတော်ဘုရားသည် ပိဋကတ်ကျမ်းဂန်စာပေများကို တူမတူအောင် လုံ့လ၊ ဝီရိယဓာတ်ကြီး မြတ်တော်မူပြီး လောကီ၊ လောကုတ္တရာ နှစ်ဖြာသောကျမ်းဂန်များကို ပြုစုတော်မူခဲ့သည်။ ပေထက် တင်ရေးသားခဲ့သောကျမ်းနှင့် ပုံနှိပ်ခဲ့သောကျမ်းနှစ်မျိုးရှိခဲ့ရာ အရေအတွက်အားဖြင့် ၂၁ ကျမ်းတိတိရှိ သည်ဟု သိမှတ်ကြရသော်လည်း စုံစမ်းသိရှိရသမျှမှာ ၁၇ ကျမ်းမျှသာ တွေ့ရသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....