ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

လေးကိုတင်

အဖ ဦးစန်းမောင်၊ အမိ ဒေါ်သောင်းရီတို့မှ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ တင်မောင်ဝင်းဖြစ်ပြီး ကလောင်အမည်ခွဲများမှာ ညီသော်လှ၊ လှမြတ်ကျော်၊ ဝင်းမာန်တို့ ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် စပယ်ဖြူမဂ္ဂဇင်း၌“ထီမဖွင့်ခင်”ကဗျာကို စာစတင်ရေးသားခဲ့ပြီး အာရှသား စာရေးဆရာများ၊ မြန်မာဝတ္ထုတိုဆရာများ(၁)နှင့်(၂)၊ ဘာသာပြန်ကဗျာ၊ မာယာကော့ဖ်စကီးဒိုင်ယာရီ၊ တံတားအောက်ကရေအလျဉ်(၁)၊ တိုတောင်းသောအတိတ်နှင့်ရှည်လျားသောအနာဂတ်၊ နိုင်ငံရပ်ခြား စာရေးဆရာများနှင့် အင်တာဗျူး (မြန်မာပြန်) တို့ကို ရေးသားခဲ့သည်။
ယခုအခါ အမှတ် ၂၄၃၊ အောင်သစ္စာလမ်း၊ ကြီးပွားရေးတောင်ပိုင်း၊ သင်္ဃန်းကျွန်းတွင် နေထိုင်ပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....