ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မန်းတင်

ငယ်နာမည်မှာ မောင်ပြုံးချိုဖြစ်သည်။ အမည်ရင်းမှာ ဦးထွန်းတင်ဖြစ်ပြီး ကလောင်အမည်ခွဲမှာ မောင်ထွန်းတင်ဖြစ်သည်။ အဖ ကုန်သည် ဦးကံကြီး၊ အမိ ကုန်သည် ဒေါ်ဖွားကြီးတို့မှ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ မွေးချင်းသုံးယောက်တွင် ဒုတိယမြောက် ဖြစ်သည်။ စာပေလောကတွင် ၁၉၃၂ ခုနှစ်တွင်မောင်ထွန်းတင် အမည်ရင်းဖြင့် မန္တလေးထုတ်မဂ္ဂဇင်း များ တွင် ကဗျာများ စတင်ရေးသည်။ တက္ကသိုလ်ရောက်သောအခါ မန်းတင်ကလောင်အမည်ကို သုံးသည်။ မော်စကိုမှ ရန်ကုန်သို့ ၁၉၅၆ ခုနှစ်တွင် စာပေဗိမာန် စာပေပဒေသာဆု၊ ဂျူလိယက်ဆီဇာ ၁၉၆၆ ခုနှစ်တွင် အနုပညာစာပေဆိုင်ရာ ဘာသာပြန်ပထမဆု ဆွတ်ခူးရရှိခဲ့သည်။
၁၉၇၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်၊ နံနက် ၉း၂၄ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....