ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မြတ်ထန်

အမည်ရင်းမှာ ဦးတင်မောင်ဖြစ်ပြီး ကလောင်အမည်ခွဲ များမှာ ဗညားအောင်၊ ဗိုလ်မှူးကြီး (ဟောင်း)တင်မောင်တို့ ဖြစ်သည်။ အဖ ဦးစံဖေ၊ အမိ ဒေါ်ဇော်တို့မှ ၁၉၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ မွေးဖွားသည်။၁၉၃၉ ခုနှစ်မှစ၍ စာစတင်ရေးသားခဲ့သည်။ ၁၉၆၆ ခုနှစ် စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ နှောင်းတမြေ့မြေ့ဝတ္ထုရှည်ကို မြတ်ထန် ကလောင်အမည်ယူကာ ပြိုင်ပွဲ ဝင်ခဲ့ရာမှ ၁၉၆၉ ခုနှစ်တွင် စာပေဗိမာန်စာမူ ဝတ္ထုရှည် ပထမဆုအဖြစ် ဆွတ်ခူးရရှိခဲ့သည်။ ထိုအချိန်မှ စ၍ မြတ်ထန်အမည်သည် စာပေလောကတွင် ထင်ရှားကျော်ကြားလာသည်။ မြတ်ထန် ကလောင်အမည်ဖြင့် ဝတ္ထုရှည် ၃၀ ကျော် ခန့်နှင့်ဝတ္ထုတိုပေါင်းချုပ် ၁ အုပ် ထုတ်ဝေခဲ့သည်။၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ ရန်ကုန်မြို့၌ ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....