ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မိချမ်းဝေ

အဖ ဦးထွန်းခင်၊ အမိ ဒေါ်သန်းစိန်တို့မှ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၌မွေးဖွားသည်။ အမည်ရင်းမှာ ဒေါ်ရီရီထွန်းဖြ¬စ်ပြီး၊ ကလောင်အမည်ခွဲမှာ သခွပ်ပန်း(သထုံ)ဖြစ်သည်။ “ကျွန်တော်ဖောင်သမား” ဝတ္ထုတို ကို ၁၉၈၄ ခုနှစ် မြိတ်မဂ္ဂဇင်းတွင် မိချမ်းဝေကလောင်အမည်ဖြင့် စတင်ရေးသားခြင်ဖြစ်သည်။ ရုပ်ရှင် တေးကဗျာ၊ ကလျာ၊ မဟေသီ၊ မြန်မာ့ဓန၊ မြားနတ်မောင်စသည့်မဂ္ဂဇင်းဂျာနယ်များတွင် စာပေများ ရေးသားလျက်ရှိသည်။
“ကမာရင်ကွဲနှင့် အခြားပင်လယ်ဝတ္ထုတိုများ”စာအုပ်ဖြင့် ၂၀၀၀ ပြည့်နှစ်အတွက် အမျိုးသား စာပေ(ဝတ္ထုတိုပေါင်းချုပ်ဆု)ရရှိခဲ့သည်။ အလွမ်းပင်ဆင့် ကျွမ်းရင်နင့်” ပင်လယ်ဝတ္ထုရှည်တစ်ပုဒ်ကို ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
ယခုအခါ အမှတ်(၁၀)၊ အောင်ဘာလေလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်တွင်နေထိုင်လျက်ရှိ သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....