ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မန်လည်ဆရာတော်ကြီး

အဖ သစ်ကုန်သည် ဦးထင်ညို၊ အမိဒေါ်ဖြေတို့မှ မြန်မာသက္ကရာဇ် ၁၂၀၃ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် အင်္ဂါနေ့ည သုံးနာရီကျော်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မန်လည်မြို့၌ ဖွားမြင် သည်။ အမည်ရင်းမှာ မောင်မာဖြစ်ပြီး၊ အသက် (၁၂)နှစ်အရွယ်တွင် ဝန်သိုမြို့ရှိ တောင်ပေါ်ကျောင်း ဘုန်းတော်ကြီး ဦးပန်းအောင်(ဝန်သိုစော်ဘွားကြီး၏ နောင်တော်)ထံတွင် စာပေပညာသင်ကြားခဲ့ရ သည်။ ဂန္ထ န္တရ၊ ဘာသန္တရ၊ ဒေသန္တရ ဗဟုသုတရတနာသိုက်ကြီးသဖွယ်ဖြစ်တော်မူသော တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ပါဠိပါရဂူကျမ်းပြုပညာရှိ ကဝိတစ်ဆူဖြစ်တော်မူသော ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးသည် သာသနာပြုခရီးစဉ်မှအပြန် ၁၂၈၂ ခုနှစ်၊ တော်သလင်းလဆန်း (၁၃)ရက်၊ နံနက်(၁)နာရီ (၃၀)မိနစ်၊ သက်တော် (၇၉)နှစ်၊ ဝါတော်(၅၆)ဝါတွင် ဘဝနတ်ထံပျံ လွန်တော်မူသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....