ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မြသန်းတင့်

အဖ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့မှ ၁၉၂၉ ခုနှစ် မေလ ၂၃ ရက်၊ ကြာသပတေးနေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးမြသန်းဖြစ်ပြီး မွေးချင်း ၇ ယောက်တွင် အကြီးဆုံးဖြစ်သည်။ ကလောင်အမည်ခွဲများမှာ မြသန်း၊ မောင်သစ်တည်၊ စောယွမ်း၊ ထက်အောင်၊ မေမေလှိုင်၊ မင်းနန္ဒာ၊ ရဲအောင်ဇေ၊ အုတ်လှငယ်၊ ဇောတိက တို့ဖြစ်သည်။အမျိုးသားစာပေ ဘာသာပြန်ဆုရ စာအုပ်များမှာ စစ်နှင့်ငြိမ်းချမ်း ရေး(၁၉၇၂)၊ လေရူးသုန်သုန်(၁၉၇၈)၊ ခန်းဆောင်နီအိပ်မက်(၁၉၈၈)၊ သုခမြို့တော် (၁၉၉၂)၊ အချစ်မိုးကောင်းကင် (၁၉၉၅) တို့ ဖြစ်သည်။
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက် ည ၉း၁၅ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....