ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ငွေဥဒေါင်း

အဖ ဦးဒေါန၊ အမိ ဒေါ်သက်တင်တို့မှ ဟင်္သာတခရိုင် အဖျောက်မြို့၌ ၂၃-၆-၁၉၁၅ တွင် မွေးဖွားခဲ့သည်။ အမည် ရင်းမှာ ဦးကြီးမောင်ဖြစ်၍ ငယ်နာမည်မှာ နတ်ပေးဖြစ်သည်။ ခုနစ်သား အရွယ်က ဟင်္သတခရိုင်၊ သပြေကုန်း ကျေး ရွာ ဆရာဦးထွန်းရင် လောကဓာတ်ကျောင်း (အစိုးရ) အသိအမှတ်ပြု မူလတန်းကျောင်း) ပညာ သင်ကြားခဲ့သည်။
ငွေဥဒေါင်းကလောင်အမည်ဖြင့် စာဝင်္ကာပါဆောင်းပါးများ၊ စာဂျပိုးအမည်ဖြင့် မဏ္ဍိုင်သတင်း စာတွင် စာအုပ်စင်ကဏ္ဍ၊ မောင်ဝိဇ္ဇာကလောင် အမည်ဖြင့် ဟံသာဝတီသတင်းစာတွင် စာအုပ် ဝေဖန် ရေးတို့ကိုရေးသားခဲ့သည်။ ထို့အပြင် အမည်ရင်းကိုသုံး၍ ကြီးမောင်၊ စာကြေးမုံကြီးမောင် ကလောင် အမည်များဖြင့်လည်း စာပေများရေးသားခဲ့သည်။ ငွေဥဒေါင်းအမည်ဖြင့် ရေးသားသော ဗုဒ္ဓစာပန်းချီ ဝတ္ထုမှာ စာပေဗိမာန်စာပေဆုကိုရရှိခဲ့သည်။
၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....