ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ညီပုလေး

အဖ ဦးလှ(လူထုဦးလှ)၊ အမိ ဒေါ်အမာ(လူထုဒေါ်အမာ)တို့မှ ၁၉၅၂ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ငြိမ်းချမ်းဖြစ်ပြီး ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်(မန္တလေး)တွင် ပညာသင်ကြားခဲ့ ကာ B. Sc (Geology) ဘွဲ့ကို ရရှိခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ဒေါ်တင်တင်ဝင်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး မွေးဖွားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် စာစတင်ရေးသားခဲ့ကာ မဂ္ဂဇင်း၊ ဂျာနယ်များစွာတို့၌ ညီပုလေး၊ ငြိမ်းချမ်း စိမ်းလန်း၊ အောင်ဘာလေ စသည့်ကလောင်များဖြင့် စာများရေးသားလျက်ရှိသည်။ယခုအခါ လူထုစာအုပ်တိုက်၊ ၂၂၁၊ ဗိုလ်ချုပ်အောင်ဆန်း လမ်း၊ မန္တလေးတွင် နေထိုင်ပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....