ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

နန်းစန်းစန်းအေး

အဖ ဦးပန်းနိုင်၊ အမိ ဒေါ်စိန်ခင်တို့မှ ၁၉၆၀ ခုနှစ်တွင် ဖြူးမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ နန်းစန်းစန်းအေးဖြစ်သည်။ အထက(၁)ဖြူးတွင် ဒသမတန်းအထိ ပညာသင်ကြားခဲ့သည်။
၁၉၈၄ ခုနှစ်တွင် ဦးစောဝင်း (ခေါ်) စောဝေနှင့် လက်ထပ်ပြီး သားသမီး ၂ ဦး မွေးဖွားခဲ့သည်။
၁၉၉၆ ခုနှစ်တွင် သက်တံ့ရောင်ဂျာနယ်၌ စာစတင်ရေးသားခဲ့သည်။ ရေးသားခဲ့သောစာအုပ် များမှာ အဓိပတိဟင်းချက်နည်းအတွဲအစပ်များ၊ ပျော်ရွှင်ပေါ့ပါးချက်စရာများ၊ နေ့သစ်ဟင်းချက်နည်း များ စသည့်စာအုပ်များကို ရေးသားခဲ့သည်။ Cooking With Love. Myanmar Style Food magazine စသည့် လစဉ်ထုတ်မဂ္ဂဇင်းများ ဂျာနယ်တွင် စာများရေးသားလျက်ရှိပြီး အဓိပတိမြန်မာထမင်းဆိုင်ကို ဖွင့်လှစ်၍ လက်တွေ့ချက်ပြုတ် ရောင်းချလျက်ရှိပါသည်။
ယခုအခါ အမှတ် ၃၁၂(ဒီ) ရွှေဂုံတိုင်၊ ဗဟန်း တွင် နေထိုင်လျက်ရှိပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....