ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

နုယဉ်

အဖ ဦးလွန်းပင်၊ အမိ ဒေါ်မိတို့မှ ၁၉၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန် တိုင်း၊ ကွမ်းခြံကုန်းမြို့၌ မွေးဖွားသည်။ မွေးချင်း (၅) ယောက်ရှိသည့်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ယဉ်နုဖြစ်ပြီး၊ ကလောင်အမည်မှာ နုယဉ်ဖြစ်သည်။
အသက်(၇)နှစ်သမီးအရွယ်တွင် အမျိုးသားအလယ်တန်းကျောင်းမှာအပ်သည်။ စာတော် သဖြင့် တစ်နှစ်မှာ နှစ်ဆင့်တက်ခဲ့ရရာ အသက်(၁၁)နှစ်အရွယ်တွင် အလယ်တန်းကျောင်းမှ ထွက်ခွင့် ရခဲ့သည်။ ကျောင်းထွက်သော်လည်း ဖခင်ကစာပေ အနုပညာဝါသနာပါသူဖြစ်၍ ညဘက်တွင် နေရှင်နယ်ကျောင်းမှ ဆရာမကို ခေါ်ယူကာ အင်္ဂလိပ်စာသင်စေသည်။ နေ့ဘက်တွင် နေ့စဉ်ဖတ်နေကျ သူရိသတင်းစာဖတ်စေသည်။ မြန်မာလက်ရေးလှစေဖို့ တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ေ၀ ဟူသော ဇာတ်တော်ကြီး (၁၀)အုပ်မှ ကြိုက်တာယူ၍ ဗလာစာအုပ်မှာ မျဉ်းကြောင်းပြည့် ကူးရေးခိုင်းသည်။ လက်ရေးလှဖို့ထက် ဇာတ်တော် သိမှတ် နားလည်စေရန် အမြဲရေးသည်။ ဘုရားတရားစာများကို ဖတ်ရှုရေးသားခံစားနေစဉ် အသက် ၁၄ နှစ်အရွယ်ရောက်လာသော အခါ မိခင်က အိမ်မှုအလုပ်များ တတ်သိရအောင် ဝင်လုပ်စေသည်။ မီးဖိုဆောင်ကိစ္စ၊ အိမ်သန့်ရှင်း ရေးကိစ္စ၊ အချုပ်အလုပ်ကိစ္စတို့ကို အလှည့်သင့်သလို ခိုင်ထားသည်။ မီးဖိုဆောင်ကိစ္စမှာ ညမနက် ဆက်နေ သဖြင့် နေ့လယ် တစ်နာရီလောက်မှ စာဖတ်ရသည်။
အစ်ကိုငယ် ဝယ်လာသောစာအုပ်ကို အရင်ဖတ်ရသည်။ ထိုအခါ ဥစ္စာစောင့်မကြီး ဇာတ်ဝတ္ထု၊ ချင်းကလေးဖဝေး၀တ္ထု၊ တစ်မတ်တန်ကလေးမှအစ ဝယ်သမျှ စိတ်တိုင်းကျဖတ်ရှုရာ စာပေဝါသနာ စွဲမြဲလာသည်။
၁၉၄၁ ခုနှစ်တွင် စာပေဝါသနာတူသော မကွေးမြို့မှ စာရေးဆရာတက်တိုးနှင့်အိမ်ထောင်ပြု သည်။ သားသမီးငယ်များဖြင့် အိမ်ထောင်မှု ကိစ္စများရှုပ်ထွေးနေစဉ် လက်ရေးမဂ္ဂဇင်းလိုစာစောင်မှာ လက်ရေးမူဖြင့် ပါဝင်ရေးသားခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....