ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ညွန့်ဝေမိုး

အဖ ဦးထွန်းတင်၊ အမိ ဒေါ်သန်းကျင်တို့မှ ၁၉၆၂ ခုနှစ်တွင် အင်းစိန်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ ညွန့်ဝေဖြစ်ပြီး ကလောင်အမည်ခွဲများမှာ စီရယ်မိုး၊ ခွန်းချိုလွင်၊ ကိုလှပို၊ ဦးဉာဏ်သာ (အင်္ဂလိပ်စာ)တို့ဖြစ်သည်။ အ.မ.က(၂) အင်းစိန်၊ အထက(၁)အင်းစိန်၊ ရန်ကုန်တက္ကသိုလ်၊ အမေရိကန် စင်တာ(ရန်ကုန်)တို့တွင် ပညာသင်ကြားခဲ့ပြီး B. A (Hons.) English ဘွဲ့ကိုရရှိခဲ့သည်။
၁၉၈၂ ခုနှစ်တွင် အင်္ဂလိပ်စာ စတင်သင်ကြားသည်။ ၁၉၈၇ ခုနှစ်တွင် မြတ်လေးမဂ္ဂဇင်း တွင် “ဝက်သစ်ချရွက်ငယ်”ဘာသာပြန်ကဗျာ ဖော်ပြခံရသည်။ ၁၉၈၈ ခုနှစ်တွင် ဒေါင်းနီသတင်းစာ ၌ နိုင်ငံတကာဒီမိုကရေစီလှုပ်ရှားမှုသတင်းများ ဘာသာပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် The Light of English မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်တာဝန်ယူကာ အင်္ဂလိပ်စာ ပညာပေးဆောင်းပါးများ ရေးသားခဲ့ သည်။ ၁၉၉၅ ခုနှစ်တွင် ရုပ်သံမဂ္ဂဇင်း အယ်ဒီတာအဖြစ်လည်းကောင်း ၁၉၉၆ ခုနှစ်တွင် မြန်မာ စာအုပ်မဂ္ဂဇင်းအယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် General English Magazine (GEM) ၌အယ်ဒီတာအဖြစ်လည်းကောင်း၊ Educator ပညာလမ်းညွှန်ဂျာနယ်၌ ၂၀၀၂ ခုနှစ်မှ စတင်၍ ယနေ့တိုင် အယ်ဒီတာအဖြစ် တာဝန်ထမ်း ဆောင်နေပါသည်။
၁၉၇၈ ခုနှစ်တွင် ဒေါ်နန္ဒာလှိုင်နှင့်လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး မွေးဖွားခဲ့သည်။ ရေးသားခဲ့ သော စာအုပ်များမှာ Business Letter Writing (၁၉၈၉ ခု၊ စာပေလောက)၊ အတိုကောက် ဝေါဟာရအဘိဓာန်(၁၉၉၅ ခု၊ စာပေလောက)၊ အုပ်ချုပ်ရေးနှင့်နိုင်ငံရေးဝေါဟာရများ၊ အဘိဓာန်(၂၀၁၁၊ စိတ်ကူးချိုချို)၊ ထောင်စုနှစ်၏ အထင်ကရပုဂ္ဂိုလ်များ၊ ချိုသောအတွေးစကား (စာညွန့်)၊ (၁၉၉၅ ခု၊ ဆုစာပေ)၊ သံတူနက်ကွဲ အင်္ဂလိပ် ဝေါဟာရအဘိဓာန်(၂၀၀၅၊ ဓူဝံစာပေ) စသည်တို့ဖြစ်သည်။
ယခုအခါ အမှတ် ၃၄၊ ကြေးတိုင်စု(၂)လမ်း၊ ပိန္နဲကုန်း၊ အင်းစိန်၊ ရန်ကုန်တွင် နေထိုင်ပါသည်။