ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဗန်းမော်ညိုနွဲ့

အမည်ရင်းမှာ ဦးပုထွေးဖြစ်ပြီး၊ အဖ လက်သမားဆရာကြီး ဦစု၊ အမိ ဒေါ်ရင်တို့မှ ၁၉၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သာစည်ရပ်၌ မွေးဖွားသည်။ မွေးချင်း ၅ ဦးအနက် အငယ်ဆုံးသားထွေး ဖြစ်သည်။
၁၉၄၁ ခုနှစ်ခန့်၌ ဒဂုံမဂ္ဂဇင်း၌ “ဗန်းမော်ညိုနွဲ့”ကလောင်အမည်နှင့် ကဗျာများ စတင်ရေးသားခဲ့ သည်။ စစ်ပြီးခေတ်တွင် ပြည်ညွှန့်၊ အရှေ့တိုင်း၊ သစ်ဆန်း၊ ပဒေသာ၊ သွေးသောက်၊ ရှုမဝ၊ မြဝတီနှင့် ငွေတာရီမဂ္ဂဇင်းများတွင် ကဗျာအဆက်မပြတ်ရေးသားလာရာ ကဗျာပုဒ်ရေပေါင်း ထောင်ကျော်ရှိခဲ့ သည်။ မြဝတီမဂ္ဂဇင်းတွင် ဝတ္ထုတို ၁၀ ပုဒ်၊ ဆောင်းပါး ၁၀ ပုဒ် ရေးသားခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗန်းမော်ညိုနွဲ့လက်ရွေးစင်ကဗျာများ၊ ၁၉၆၈ ခုနှစ်တွင် အရုဏ်ဦးက လေးကဗျာများကို ထုတ်ဝေခဲ့ သည်။
၁၉၆၃ ခုနှစ်၌ အနုပညာစာပေဆိုင်ရာဆု (ကလေးသူငယ် ဆိုင်ရာစာပေ ပထမဆု)ရရှိကာ အလယ်တန်း၊ အထက်တန်းနှင့်တက္ကသိုလ်အဆင့် အသီးသီးတွင် သင်ကြားရန်ပြဋ္ဌာန်းခံခဲ့ရသည်။ ဗန်းမော်ညိုနွဲ့၏ ကဗျာများအနက် “လက်ဖက် ရည်ကြမ်းဝိုင်း”ကဗျာမှာ အထင်ရှားဆုံးဖြစ်သည်။
၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၂ တွင်ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....