ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ကာတွန်းမောင်ဝဏ္ဏ

အဖ ဦးဝင်းမောင်၊ အမိ ဒေါ်မြင့်မြင့်တို့မှ ဖျာပုံမြို့၌ ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ မွေးချင်း ခုနှစ်ယောက်ရှိ သည့်အနက်ဒုတိယမြောက်သားဖြစ်သည်။အမည်အရင်းမှာ ဦးလှိုင်ကြွယ် ဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် ဆယ်တန်း အောင်ခဲ့သည်။ ၁၉၆၆ - ၆၇ ခုနှစ်တွင် စီးပွားရေးတက္ကသိုလ် တက်နေစဉ် ပထမဆုံး လုံးချင်း ကာတွန်း တစ်အုပ် ထွက်ခဲ့သည်။ ၁၉၇၀ပြည့်နှစ်တွင် B.Ecom(Planning & Develo pment) ဘွဲ့ရခဲ့ပါသည်။ ၁၉၇၁ - ၇၂ ခုနှစ်တွင် လျှို့ဝှက်သည်းဖိုမဂ္ဂဇင်းတွင် ကာတွန်းများ ရေးခဲ့သည်။
၁၉၆၆ ခုနှစ် ဂျပန်နိုင်ငံ ဂျပန်ဖောင်ဒေးရှင်းစင်တာမှ ဖိတ်ကြားခြင်းခံရပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်မှ စေလွှတ်သဖြင့် တရုတ်ပြည်ရှိ ရှန်ဟိုင်း၊ ပေကျင်း၊ ရှမ်ဟဲ၊ ရှင်ကျင့်နှင့် ဟောင်ကောင်မြို့ များသို့ စာပေခရီးအဖြစ်သွားခဲ့ရသည်။
၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် တောင်ကိုရီးယား ကမ္ဘာ့ကာတွန်းကွန်ဖရင့်ကို နိုင်ငံကိုယ်စား ပြု သွားရောက်ခဲ့ပါသည်။ ၁၀-၁၁- ၂၀၀၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။