ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဦးဖေမောင်တင်

အဖ တိရစ္ဆာန်ဆေးကုဌာနဝန်ထောက် ဦးဖေ၊ အမိမှာ ဒေါ်မြိုင်တို့မှ ၁၈၈၈ ခုနှစ်၊ ဧပြီလ ၂၄ ရက် အင်္ဂါနေ့တွင် ရန်ကုန်၊ အင်းစိန် ပေါက်တောရပ်၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်ဘတင်၊ ခေါ် မောင်တင်ဖြစ်ပြီး မွေးချင်း ၆ ယောက်တွင် ပဉ္စမမြောက်ဖြစ်ကာ ခရစ်ယာန်ဘာသာဝင်ဖြစ်သည်။
ဖခင်၏အစ်ကိုဖြစ်သူမှာ အင်္ဂလိပ်-မြန်မာအဘိဓာန်ကျမ်းပြု ဦးထွန်းငြိမ်းဖြစ်ပြီး မိခင်ဘက်မှ အဘိုးတော်စပ်သူမှာ တောင်ခွင်သာသနာပိုင် ဆရာတော် အရှင်ဝိသုဒ္ဓပီကစာရ ဖြစ်သည်။
အင်းစိန် ပေါက်တောရပ် ဆရာကိုရင်ကြီး၏ အလွတ်ပညာသင်ကျောင်း၊ ရန်ကုန်အစိုးရ အထက်တန်းကျောင်း၊ ရန်ကုန်ကောလိပ်နှင့်အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တို့တွင် ပညာသင် ကြားခဲ့ပြီး ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ စာပေဝိဇ္ဇာ(ဘီလစ်)ဘွဲ့၊ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (အယ်လ် အယ်လ်ဒီ)၊ ဂုဏ်ထူးဆောင်ပါရဂူ(ပီအိပ်ချ်ဒီ)ဘွဲ့တို့ရရှိခဲ့သည်။
ခုနစ်တန်းတွင် စကောလား ရှစ်ပညာသင်ဆု၊ ကိုးတန်းတွင် ပထမရ၍ ရနောင်းဘုရင်ခံဆု၊ တက္ကသိုလ်ပညာသင်ဆု၊ ဂျာဒင်းဆု၊ ဒတ်စကောလားရှစ်ဆု အစရှိသည့်ဆုများကိုလည်းရရှိခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....