ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

လူထုစိန်ဝင်း

အဖ ဦးသာဒင် + အမိ ဒေါ်ကြည်ခင်တို့မှ သြဂုတ်လ ၁၃ ရက်တွင် မန္တလေးမြို့၌ ၁၉၄၀ ပြည့်နှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးစိန်ဝင်းဖြစ်သည်။ ကလေးဘဝမှ အထက်တန်း အောင် မြင်ပြီးသည်အထိ မန္တလေးမြို့ ဖားသားလဖုန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၆ - ၅၉ ခုနှစ် တွင် မန္တလေးတက္ကသိုလ်နှင့် ၁၉၆၀ - ၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက် လူထုသတင်းစာပိတ်သွားချိန်၌ ရန်ကုန်တိုက်၌ တာဝန်ခံ အယ်ဒီတာ အဖြစ် ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ်တွင် လေဖြတ်ပြီး ညာဘက် ကိုယ်တစ်ခြမ်း သေသွား ရာမှ ဘယ်လက်နှင့် စာရေးကျင့်ပြီး စာပေကိုဆက်လက်ရေးခဲ့သည်။ နေအိမ်တွင်အင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်ပြီး အပတ်စဉ်ထုတ် ဂျာနယ်ငါးစောင်နှင့် လစဉ်ထုတ် မဂ္ဂဇင်းတစ်ဒါဇင်လောက်တွင် စာပေများဆက်လက်ရေးသားခဲ့သည်။ မဂ္ဂဇင်းများတွင်စာပေဆိုင်ရာ၊ လူငယ်နှင့်အမျိုးသမီးရေးရာ ဆောင်းပါးများ ရေးသားပြီး အပတ်စဉ် ထုတ်ဂျာနယ်များတွင် နိုင်ငံတကာ သတင်းသုံးသပ်ေ၀ ဖန်ချက် များရေးသားခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....