ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

စောဝေ

အဖ ဦးခင်လှ၊ အမိ ဒေါ်လှထွန်းတို့မှ ၁၉၆၀ ခုနှစ်တွင် တောင်ငူမြို့၌ မွေးဖွားသည်။ အမည် ရင်းမှာ ဦးစောဝင်း ဖြစ်ပြီး ကလောင်အမည်ခွဲများမှာ ရင်သွေးငယ်၊ မဏိစက္ကူတို့ ဖြစ်သည်။ ဗဟိုပို့ ဆောင်ဆက်သွယ် ရေး ကျောင်း(မိတ္ထီလာ)တွင် C.I.T.C ပထမဆင့်အောင်မြင်ခဲ့ကာ ရုပ်ရှင်ဒါရိုက်တာ သင်တန်း(ရန်ကုန်)ကို တက်ရောက်ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် စာပေလုပ်သားမဂ္ဂဇင်းတွင် ဝတ္ထုတိုစတင်ဖော်ပြခံရပြီး၊ ၁၉၈၈ ခုနှစ် ဒီမိုကရေ စီအရေး တော်ပုံတွင် သပိတ်ခေါင်းဆောင်လုပ်၍ ပထမပြောင်းရွှေ့၊ ဒုတိယထုတ်ပယ်ခံရသည်။ ၁၉၈၉ ခုနှစ်တွင် ဖြူးမြို့ N.L.D တွင် မြို့နယ်သတင်းပြန်ကြားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၆ ခုနှစ် တွင် မဟေသီကဗျာ ဖတ်သူများ၏ အကြိုက်ဆုံးကဗျာဆုရရှိသည်။ ၂၀၀၀ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်း၊ ကဗျာဖတ်သူများ၏ အကြိုက်ဆုံးကဗျာဆုရရှိသည်။ ၂၀၀၈ ခုနှစ်တွင် စစ်ခေါင်းဆောင်သန်းရွှေအား သရော်ထားသောကဗျာဖြင့် ဖမ်းဆီးခံရပြီး ထောင် ၂ နှစ်ချခံခဲ့ရကာ ၄ လ ၅ ရက် ပိုနေခဲ့ရပြီး၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များတွင် နိုင်ငံတကာမှ အနုပညာဆု ၃ ဆုရရှိခဲ့ သည်။
၁၉၈၄ ခုနှစ်တွင် ဒေါ်နန်းစန်းစန်းအေးနှင့်လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦး မွေးဖွားခဲ့သည်။
ရွက်ပုံးသီး မြို့ပြတိုက်(ကဗျာလုံးချင်း)ပန်းဆိုးတန်း စိုမှာစိုး(ကဗျာလုံးချင်း)၊ ချစ်စဖွယ်သရော် စာများ(သရော်စာ)၊ ထောင်တွင်းဖွဲ့ကဗျာများ၊ ထောင်(သို့) အမေကြိုက်တဲ့တက္ကသိုလ် အစရှိသည်တို့ ကို ထုတ်ဝေခဲ့ကာ မဂ္ဂဇင်းများ/ဂျာနယ်များတွင်လည်း ရေးသားခဲ့သည်။
ယခုအခါ အမှတ် ၃၁၂၊ (ဒီ) ရွှေဂုံတိုင်လမ်း၊ ဗဟန်းတွင် နေထိုင်ပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....