ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဆောင်းဝင်းလတ်

အမည်ရင်းမှာ ဦးဖုန်းမြင့်ဖြစ်ပြီး၊ ကလောင် အမည်ခွဲများမှာ ညီမော်သိမ်၊ သင့်ဦးငယ်၊ ဖြိုးဇော်၊ ရွှေလိပ်ပြာ၊ ရွှေဗျိုင်း၊ ပညာသိဒ်္ဓိ၊ ဒီဇင်ဘာကိုး၊ အေးချမ်းသစ္စာ၊ ညလူ၊ မောင်ဖုန်းမြင့်(စိန်ဂျွန်း)၊ စပျစ်နွယ်၊ ဇော်စိမ်းတို့ဖြစ်သည်။ အဖ ဦးဝင်း၊ အမိ ဒေါ်တင်လှတို့မှ ၁၉၄၉ ခုနှစ်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၌ မွေးဖွားသည်။ မွေးချင်း (၅)ယောက်ရှိသည်။ စာပေလောကတွင် ၁၉၇၃ ခုနှစ်က စာစတင်ရေးသားကာ စာပေဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည်။ လစဉ်ထုတ်ဝေနေသည့် မဂ္ဂဇင်းပေါင်းစုံတို့တွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများရေးသားခဲ့သည်။ အပတ်စဉ်ထုတ်ဂျာနယ်များတွင်လည်း ရေးသားခဲ့ပါသည်။ မဂ္ဂဇင်းဝတ္ထုပုဒ်ရေ ၁၀၀၀ ခန့် ဆောင်းပါးပေါင်း ၃၀၀ ကျော်၊ ကဗျာအပုဒ် ၅၀ ခန့်ပါဝင်ရေး သားခဲ့သည်။