ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ကာတွန်းတင်အောင်နီ

အဖ ဦးကြွေ၊ အမိ ဒေါ်ညိမ်းတို့မှ ၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မအူပင်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၆ယောက်အနက် တတိယမြောက်ဖြစ်ပါသည်။ အမည်ရင်းမှာ ဦးတင်အောင် ဖြစ်၍ ငယ်နာမည် အနီဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် ၁၆ လမ်း၊ မြူနီစီပယ်ကျောင်းမှ လေးတန်းအောင် မြင်ခဲ့ပြီး မော်တင်မြမာလာကျောင်း၌ ပညာဆက်လက်သင်ကြားခဲ့သည်။
၁၉၅၇ ခုနှစ်တွင် သူ၏ကာတွန်းကို စတင်ဖော်ပြခံရသည်။ ၁၉၆၃ - ၆၄ ခုနှစ်တွင် ကာတွန်းစုံ ၌လည်း စတင်ဖော်ပြခံရသည်။
၁၉၆၉ ခုနှစ်တွင် ဒသမတန်းအောင်မြင်ကာ မြန်မာစာပထမနှစ်ထိ ပညာသင်ကြားရာမှ ကျောင်းထွက်၍ ကာတွန်းလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် အဟိစာစောင်၊ ဘိုးဘွားရိပ်သာစာစောင်၊ ရယ်စရာသောင်းပြောင်း၊ နီလာ စာစောင်၊ မြင်းညိုရှင်၊ လူရည်မွန်စာစောင်၊ ဝါဝါလစဉ်ထုတ် စာစောင်များ၌ ရေးဆွဲခဲ့ပါသည်။
၁၉၇၁ ခုနှစ်တွင် မိုးဝေမဂ္ဂဇင်း၊ ဖြူနီညိုပြာ မဂ္ဂဇင်းတွင် စတင်ရေးဆွဲပါသည်။ ၁၉၇၂-၇၃ ခုနှစ်တွင် ကာတွန်းရေးဆွဲခြင်းလုပ်ငန်း ရပ်တန့်လိုက်သဖြင့် မြင့်သီတာစာပေတိုက်တွင် စာပြင်ဆရာ ဝင်လုပ်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် ကာတွန်ပြန်ရေးဆွဲခဲ့ပါသည်။ ၁၉၇၅ ခုနှစ်တွင် ဂျစ်တူးမှစာပေမှ ပင်တိုင်ထား၍ ရေးဆွဲခဲ့ရာ လုံးချင်းစာအုပ် ၃၀၀ နီးပါးမျှ ရှိသည်။
၁၉၇၇ ခုနှစ်တွင် ဒေါ်မြင့်မြင့်နှင့် အိမ်ထောင်ကျသည်။ သားသမီး သုံးဦးထွန်းကားပါသည်။ ယခုအခါ အမှတ် ၁၄၅၊ ရွှေသစ္စာလမ်း ၁၃ ရက်ကွက်၊ ရန်ကင်းမြို့နယ်တွင် နေထိုင်ပါသည်။