ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

သာဂဒိုး

အဖ ဦးဆိုင်၊ အမိ ဒေါ်မေညွန့်တို့မှ ၁၉၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပုသိမ်ခရိုင်၊ ဒါးကကြိမ်ချောင်း၊ ဖျာတန်းရွာ၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးတင်စိုးဖြစ်သည်။ ၁၉၆၉ ခုနှစ်မှစ၍ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာတွင် အယ်ဒီတာအဖြစ် စတင်တာဝန်ထမ်း ဆောင်ပြီး ဒုတိယအယ်ဒီတာချုပ်တာဝန်အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၇၀ ပြည့်နှစ်၌ သြစတြေးလျ နှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့နှင့် ၁၉၇၃ ခုနှစ်တွင် တရုတ်ပြည်သို့ သတင်းစာအဖွဲ့နှင့်အတူ သွားရောက် လေ့လာခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် နိုင်ငံတော်မှချီးမြှင့်သော မော်ကွန်းဝင် (ဒုတိယဆင့်)ကို ရရှိခဲ့သည်။
၁၉၈၃-၈၄ ခုနှစ်များတွင် ကြေးမုံသတင်းစာတွင် အယ်ဒီတာချုပ်ရာထူးဖြင့် စာပေတာဝန်၊ နိုင်ငံ့ တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....