ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တင်ထွေး

အမည်ရင်းမှာ ဦးတင်ထွေး ဖြစ်ပြီး၊ အဖ ဦးလှရှိန်၊ အမိ ဒေါ်ဖွားမှီတို့က ၁၉၃၄ ခုနှစ် ၊ ဇန်နဝါရီ လ ၂၁ရက်တွင် ပြင်ဦးလွင်မြို့၌ မွေးဖွားသည်။ ပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်တန်း၊ ဥပစာ(ခ)တန်းဖြစ်ပြီး၊ မြို့မကျောင်းနှင့် ရန်ကုန် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။၁၉၅၇-၅၈ ခုနှစ်တွင် မြန်မာနိုင်ငံသတင်းစာပညာ အတတ် သင် ကျောင်း တက်ရောက်ခဲ့ပြီး သတင်းစာပညာဒီပလိုမာကို ရယူခဲ့သည်။ ၁၉၇၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်မှ နိုဝင်ဘာလ ၇ ရက်အထိ အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပြည်နယ်၊ တက္ကသိုလ်တွင်ဖွင့်လှစ်ခဲ့သော သတင်းစာပညာသင်တန်းကို တက်ရောက်သင်ကြားခဲ့သည်။
၁၉၅၇ ခုနှစ်ခန့်မှစ၍ စာပေလောကထဲသို့ စတင်ဝင်ရောက်ကာ ကြေးမုံသတင်းစာပုဂ္ဂလိက ပိုင်အဖြစ်ရှိစဉ်မှာပင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် စတင်အမှုထမ်းသည်။ ၁၉၅၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ဒေါ်မေရီနှင့်အိမ်ထောင်ပြုပြီး သားသမီးသုံးယောက်မွေးဖွားခဲ့သည်။
၁၉၇၂ ခုနှစ် စက်တင်ဘာလ(၁) ရက်တွင် မြန်မာ့အလင်းသတင်း စာတွင် ဒုတိယအယ်ဒီတာ ချုပ် အဖြစ်လည်းကောင်း၊ ၁၉၇၄ ခုနှစ်၊ မတ်လ ၃ ရက်တွင် မန္တလေး ဟံသာဝတီသတင်းစာတွင် ဒုတိယ အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်၊ အောက်တို ဘာလတွင် ကြေမုံသတင်းစာ တွင် ဒုတိယအယ်ဒီတာချုပ်အဖြစ် ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ခဲ့သည်။ သတင်းစာဆရာ အဖြစ် အမှုထမ်းစဉ် ၁၉၆၇ ခုနှစ်တွင် အိန်္ဒိယနိုင်ငံ၊ ၁၉၇၃ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၊ ၁၉၈၈ ခုနှစ်တွင် ဆွီဒင်နိုင်ငံနှင့် ၁၉၉၀ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သို့ သတင်းစာဆရာချစ်ကြည်ရေး ခရီးများကို ဌာနဆိုင်ရာ တာဝန်များ အရ သွားရောက်ခဲ့သည်။
၁၉၈၀ ခုနှစ် မေလ ၅ ရက်တွင် သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း၏ ဒုတိယညွှန်ကြားရေး မှူး(စီမံ)အဖြစ်လည်းကောင်း၊ ၁၉၈၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် ဒုတိယအယ်ဒီတာချုပ်(ကြေးမုံ) အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်း၏ ညွှန်ကြားရေးမှူး(စီမံ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
သတင်းစာဆရာအဖြစ် တာဝန်ထမ်းဆောင်နေစဉ်တွင် တစ်ဖက်မှလည်း ကလောင်အမည် တင်ထွေးဖြင့် မဂ္ဂဇင်း၊ စာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်ဝတ္ထုများ၊ ဆောင်းပါးများစွာကို ရေးသားခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....