ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဗန်းမော်တင်အောင်

အဖ ကျောင်းဆရာဦးနေ၊ အမိဒေါ်စောမြိုင်တို့မှ ၁၉၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့တွင် ပဲခူးမြို့၌မွေးဖွားသည်။ မွေးချင်းသုံးယောက်တွင် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးတင်အောင် ဖြစ်ပြီး ဇာတာအမည်မှာ မောင်တင်ဦး ဖြစ်သည်။
၁၉၃၈ ခုနှစ်တွင် “မောင်တင်အောင်” ကလောင်အမည်ဖြင့် “ဘုန်းမေ့နိုင်ဘူး” ဝတ္ထုနှင့် စာပေ လောကသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် မြန်မာ့ရုပ်ရှင်၊ ဘားမားဂျာနယ်၊ မြန်မာ့တာဝန် မဂ္ဂဇင်း များတွင် မောင်တင်အောင်၊ ဟိုက်စကူးကျောင်း၊ ရန်ကုန်” အမည်ဖြင့် ဝတ္ထုများရေးခဲ့သည်။
၁၉၇၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ည ရး၀၀ နာရီတွင် အဆုတ်ကင်ဆာရောဂါဖြင့် ရန်ကုန်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....