ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

သိန်းဖေမြင့်

အဖ မြေတိုင်း စာရေးဦးဘ၊ အမိဒေါ်မြင့် တို့မှ ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် သောကြာနေ့ တွင် မုံရွာခရိုင်၊ ဘုတလင်မြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ သိန်းဖေဖြစ်ပြီး၊ ငယ်နာမည်မှာ မြမောင် ဖြစ်သည်။ ကလောင်အမည်ခွဲများမှာ သိန်းဖေ၊ ဝနေငဖေ(ဘုတလင်)၊ သိန်းနေနွယ်၊ တက္ကသိုလ် အကျော့၊ တစ်ကောင်ကြွက်၊ ဦးကျောက်လုံး၊ တက်ဘုန်းကြီးသိန်းဖေ၊ မောင်တူတို့ဖြစ်သည်။၁၉၅၈ ခုနှစ်တွင် “အရှေ့ကနေဝန်းထွက်သည့်ပမာ”ဝတ္ထုဖြင့် စာပေဗိမာန် ဝတ္ထုဆုကို ရရှိသည်။ ၁၉၆၇ ခုနှစ်တွင် အမျိုးသားစာပေ စာပဒေသာဆုကို “ဝိသေတိုင်း သမိုင်းအစ”ဖြင့်လည်း ကောင်၊ ၁၉၆၈ ခုနှစ်တွင် အမျိုးသာစာပေဝတ္ထုရှည် တတိယဆုကို “သီတာပြုံး” တို့ဖြင့် ရရှိခဲ့သည်။ ထင်ရှားသော စာပေ ဝေဖန်ရေးဆရာတစ်ဦးလည်း ဖြစ်ကာ စာပေသြဇာကြီးမားသူလည်းဖြစ်သည်။
၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ကွယ်လွန်သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....