ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မောင်သိန်းဆိုင်

အဖ ဦးတင့်ဆန်း၊ အမိဒေါ်အုန်းရီတို့မှ ၁၉၄၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် လှည်းကူး မြို့နယ်၊ ဖောင်ကြီးရွာ၌ မွေးဖွားသည်။ ငယ်နာမည် “ပိုကာ” ဖြစ်ပြီး အမည်ရင်းမှာ ဦးသိန်းဆိုင် ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်တွင် ပဲခူးရှိ မူလတန်းကျောင်း ဇိုင်းဂနိုင်း(မြောက်ပိုင်း) ဆရာကြီးဦးစံအေး ကျောင်းတွင် ပညာသင်ကြားရင်း စာတိုပေစများ စတင်ရေးသားခဲ့သည်။ဝတ္ထုတို၊ဝတ္ထုရှည်များအပြင် လုံးချင်းဝတ္ထု(၁၀၀)ကျော်ကို ရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် ရုပ်ရှင် ဇာတ်ညွှန်း၊ ဗီဒီယိုဇာတ်ညွှန်းများစွာရေးသားခဲ့သည့်အပြင် ယင်းတို့အနက်မှ ထင်ရှားသည့် ဗီဒီယိုဇာတ်ညွှန်းမှာ “နှလုံးသားရေအလျဉ်”ဖြစ်ပြီး ထင်ရှားသောရုပ်ရှင်ဇာတ်ညွှန်းမှာ “ညမင်းသား” ရုပ်ရှင်ဇာတ်ညွှန်းပင် ဖြစ်သည်။ ထို့အပြင် “အမေနှင့်သမီးများ” မှာ အကယ်ဒမီရခဲ့ကြသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....