ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တိုက်စိုး

အမည်ရင်းမှာ ဦးသန်းထွက် ဖြစ်ပြီး၊ အဖ ဦးဖိုးဝ၊ အမိ ဒေါ်ငွေနုတို့မှ ၁၉၂၀ ခုနှစ် ၊ စက်တင်ဘာလ ၂၀ ရက် (တနင်္လာနေ့)တွင် ဖျာပုံမြို့နယ်၊ သမိန်ထောရွာ၌ မွေးဖွားသည်။ ပညာအရည်အချင်းမှာ B.A (ဥပဒေ) (ဝိဇ္ဇာဘွဲ့) ၊ A.L.A ဘွဲ့ ဖြစ်သည်။ ၁၉၆၂-၃၆ ခုနှစ်အထိ သမိန်ထောရွာ မြန်မာအလယ်တန်းကျောင်းနှင့် ဖျာပုံမြို့ အထက် တန်းကျောင်း၊ ၁၉၃၇-၃၈ ခုနှစ်တွင် ရန်ကုန်မြို့မကျောင်း၊ ရန်ကုန်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ကာ B.A (ဥပဒေ) (ဝိဇ္ဇာဘွဲ့) ၊ A.L.A ဘွဲ့တို့ ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ လဗ္ဗရာကောလိပ် (Lough Brough College) သို့ ပညာတော်သင်သွားရောက်ခဲ့သည်။ ၁၉၅၆ ပြည့်နှစ်တွင် ဥရောပတွင်စာကြည့်တိုက် ပညာဆက် လက်လေ့လာသည်။
၁၉၄၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနဆိုင်ရာ စာကြည့်တိုက်မှူး၊ ၁၉၅၀ ခုနှစ် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် လက်ထောက်စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၂ ခုနှစ် ရာမာခရစ်ရှနာမစ်ရှင်အဖွဲ့ စာကြည့်တိုက်ကော်မတီဝင်၊ ၁၉၅၃ ခုနှစ် မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်၊ ၁၉၅၅ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်အထူးအရာရှိ၊ ၁၉၆၀ ပြည့် နှစ် ယဉ်ကျေး မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး၊ ၁၉၇၁-၁၉၈၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်စာကြည့် တိုက်ပညာဌာနတွင် ရည်ညွှန်းဘာသာရပ် ကထိက၊ ၁၉၇၂ ခုနှစ်၌ပင် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ၁၉၇၇ ခုနှစ် မြန်မာနိုင်ငံသုတေသနအသင်းဥက္ကဋ္ဌ၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် သုတပညာဌာန အချိန်ပိုင်းကထိက၊ စာပေဗိမာန်အုပ်ချုပ်ရေး အဖွဲ့ဝင်နှင့်အမျိုးသား စာပေဆုရွေးချယ်ရေး အဖွဲ့ဝင်၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ်သမိုင်းဌာန ပြင်ပစာစစ်အဖွဲ့ဝင် စသည့် တာဝန် များ ကိုလည်း ထမ်းဆောင်ခဲ့သည်။ ၁၉၈၂ ခုနှစ် ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်မှ အငြိမ်းစားယူသည်။ ၁၉၉၃ ခုနှစ် ပခုက္ကူဦးအုန်းဖေစာပေဆုအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ် ထိုင်းနိုင်ငံ ချူလာလောင်ကောင်တက္ကသိုလ်၌ မြန်မာ့ ယုံကြည်မှုနှင့် အထိမ်းအမှတ်များစာတမ်း(Beliefs and Symbols in Myanmar Society)ကို ဖတ်ကြားသည်။ အငြိမ်းစားယူပြီး နှစ်နှစ်အကြာတွင် မြန်မာစာအဖွဲ့တွင် အဖွဲ့ဝင်၊ မြန်မာ့သမိုင်းအဖွဲ့ဝင် အဖြစ် လုပ်ကိုင်ခဲ့သည်မှာ ကွယ်လွန်သည်အထိ ဖြစ်သည်။ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ ရုရှား၊ ပြင်သစ်၊ နော်ဝေ၊ အိန်္ဒိယ၊ တရုတ်နိုင်ငံများသို့ လေ့လာရေး ခရီးအဖြစ်လည်း သွားရောက်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ဆရာမဒေါ်မြင့်မြင့်သန်း(စာရေးဆရာမ တက္ကသိုလ်မြစိမ်း)နှင့် လက်ထပ်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ငွေတာရီမဂ္ဂဇင်း၊ အမှတ်(၁)မှာ ဝေဖန်ရေးဆောင်းပါးဖြင့် စာ စတင်ရေးသားခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....