ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

မောင်ထွန်းသူ

အဖ ဦးဖေတင်၊ အမိဒေါ်ဖြူတို့မှ ၁၉၃၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပျော်ဘွယ်မြို့၌ မွေးဖွား သည်။ မွေးချင်းနှစ်ယောက်အနက် အကြီးဆုံးဖြစ်၍ အမည်ရင်းမှာ မောင်တင်ထွန်းဖြစ်သည်။ ၁၉၈၀ ပြည့်နှစ်တွင် စာပေဗိမာန်ထုတ် “တောင်ပံမဲ့သည့်ငှက်ငယ်များ” ဝတ္ထုတိုပေါင်းချုပ်စာအုပ် နှင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားစာပေဆု ချီးမြှင့်ရာတွင် ဘာသာပြန်ရသစာပေဆု ရရှိသည့် “ရဲတိုက်” စာအုပ်တို့သည် မောင်ထွန်းသူ ပထမဆုံးရေးသားသည့်ပင်ကိုရေး လုံးချင်းဝတ္ထုနှင့် မြန်မာ ဘာသာပြန်လုံးချင်းဝတ္ထုတို့ ဖြစ်သည်။