ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဦးသော်ဇင်

အဖ လယ်သမား ဦးရွက်ကြီး၊ အမိဒေါ်နက်ကျော် (မယ်နက် ကျော်)တို့မှ ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့တွင် ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဇရပ်လှကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ငါးဦးတွင် ဒုတိယမြောက်သား ဖြစ်သည်။ ငယ်နာမည်မှာ မောင်ဟန်တင်၊ အမည်ရင်းမှာ ဦးသော်ဇင် ဖြစ်သည်။၁၉၃၉ ခုနှစ်ထုတ် ဂန္ထလောကမဂ္ဂဇင်း၌ “ရှင်သောမဘိက္ခု” ကလောင်အမည်သုံး၍ “သရက်ချဉ်” ဆောင်းပါးကိုရေးပြီး စာပေနယ်သို့ ဝင်ခဲ့သည်။ ထို့နောက် တိုင်းရင်းမေဂျာနယ်တွင် တာဝန်ခံ အယ်ဒီတာအဖြစ် ဆောင်ရွက်စဉ် “သောမ” ကလောင်အမည်မှ “ဦးသော်ဇင်” သို့ ပြောင်း ခဲ့သည်။ ၁၉၉၀ ပြည်နှစ် စက်တင်ဘာ ၁၃ ရက်နေ့ ည ၈း၁၅ နာရီတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....