ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ဦးနေ(ရှုမဝ)

အဖ ဦးထွန်းရှိန်၊ အမိ ဒေါ်တင်တင်ဝင်းတို့မှ ၁၉၄၈ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ ၌ မွေးဖွားသည်။ အမည်ရင်းမှာ ဦးနေဝင်းဖြစ်ပြီး ကလောင်အမည် ခွဲများမှာ မိုးစေသူ၊ မုတ်သုန်၊ ဦးနေ (ဂမ်္ဘီရသုတေသီ)တို့ ဖြစ်သည်။၁၉၉၉ ခုနှစ်မှစတင်၍ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင် ဂမ်္ဘီရဆောင်းပါးများ ရေးသားခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် စိတ်ကူးချိုချိုစာပေတိုက်မှ အခြေခံရုပ်ရှင်သရုပ်ဆောင် အနုပညာနှင့် အတတ်ပညာ စာအုပ်ကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် အခြေခံမှ နောက်တစ်ဆင့်သို့ တက်လှမ်းခြင်း စာအုပ်ကို လည်းကောင်း ထုတ်ဝေခဲ့ပါသည်။ ၁၉၇၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရုပ်ရှင်သရုပ်ဆောင်သင်တန်း အသီးသီးတွင် သင်တန်းနည်းပြအဖြစ် လုပ်ကိုင်လျက်ရှိပါသည်။
ယခု အမှတ် ၂၃၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်သစ်၊ သုဝဏ္ဏမြို့သစ်တွင် နေထိုင်ပါသည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....