ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တက္ကသိုလ် ထင်ကြီး

အမည်ရင်းမှာ ဦးတင်မောင်ဖြစ်ပြီး ကလောင် အမည်ခွဲများမှာ မောင်ထင်ကြီး၊ စပက်ထရမ်၊ မော်ဒန်ပလာဒင်၊ မောင်အုန်းတင်၊ ဘချောတို့ ဖြစ်သည်။ အဖ မီးရထားပိုင် ဦးစံ၊ အမိ ဒေါ်ခင်တိုးတို့က ၁၉၁၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် မြင်းခြံမြို့၌ မွေးဖွားသည်။ မွေးချင်းသုံးယောက်တွင် အငယ်ဆုံးဖြစ်သည်။
၁၉၂၇-၃၁ ခုနှစ်တွင် မန္တလေး အေဘီအမ်၊ အမျိုးသမီးကျောင်း၊ ၁၉၃၀ ခုနှစ်တွင် မန္တလေးကယ်လီအေဘီအမ် အမျိုးသားကျောင်း၊ ၁၉၃၅-၃၆ ခုနှစ်တွင် မန္တလေး၊ ဥပစာကောလိပ်၊ ၁၉၃၇-၃၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ၁၉၄၇ ခုနှစ်၊ မတ်၂၄ ရက်တွင် အမေရိကန်ပြည်ထောင်စု မီနီဆိုတာ တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ဝိဇ္ဇာဘွဲ့၊ သတင်းစာပညာ၊ မဟာဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဧပြီမှ ၁၉၄၈ မေလတွင် ရောင်နီအမည်ရှိ မြန်မာသတင်းကိုထုတ်ဝေခဲ့သည်။ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ ယူနက်စကိုဌာနချုပ်၌ စာတတ်ခါစများ အတွက် စာအုပ်စာတမ်းထုတ်ဝေရေးအစီအစဉ်အရာရှိအဖြစ်လည်းကောင်း (၂)နှစ်ကြာမျှ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ၁၉၄၀ ခုနှစ်တွင် ရေဝန်ရုံးအောက်တန်းစာရေး၊ ၁၉၄၁ ခုနှစ်မှ ဒုတိယကမ္ဘာစစ် အထိ တောင်ငူ ဒုတိယမြို့အုပ်၊ ၁၉၄၂-၄၃ ခုနှစ်တွင် ဂျပန်သတင်းဌာန၊ ဒိုမေ၌ လက်ထောက် အယ်ဒီတာ၊ ၁၉၄၃ ခုနှစ်တွင်ပင် စာပေနှင့် စာကြည့်တိုက်ဌာနစိတ်(ပညာရေးဌာန) တွင် စာပြုအရာရှိအဖြစ်လည်းကောင်း၊ ထို့နောက် နိုင်ငံခြားရေးရုံး၊ နိုင်ငံခြားရေးအရာရှိအဖြစ်လည်း ကောင်း၊ ၁၉၄၅-၄၆ ခုနှစ်တွင် ကော့ကရိတ်၌ ဒုတိယမြို့အုပ်ဖြစ်လည်းကောင်း၊ တစ်ဖန် ပြန်ကြား ရေးဌာန၊ အသံလွှင့်ရုံတွင် အင်္ဂလိပ်သတင်း အယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၄၆-၄၇ ခုနှစ်တွင် စီးပွားသတင်းစာလက်ထောက် အယ်ဒီတာအဖြစ် လည်းကောင်း၊ ၁၉၄၉-၅၁ ခုနှစ်တွင် အိုးဝေသတင်း စာတွင် အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ၁၉၅၁-၅၅ ခုနှစ်တွင် ပြင်သစ်သတင်းဖြန့်ချိရေးတွင် မန်နေဂျာအဖြစ်လည်းကောင်း၊ ထို့ပြင် မြန်မာသတင်းဓာတ်ပုံဌာန (News Pix) စတင်တည်ထောင်သူ အဖြစ်လည်းကောင်း၊ ၁၉၅၁-၅၆ ခုနှစ်တွင် စာပေဗိမာန်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာနှင့် ပြည်သူ့ လက်စွဲစာစဉ်တွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ ၁၉၅၉ ခုနှစ်တွင် စာပေဗိမာန်မဂ္ဂဇင်းတွင် တွဲဖက် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ ၁၉၅၉-၆၅ ခုနှစ်တွင် စာအုပ်ထုတ်ဝေရေးညှိနှိုင်းစီစဉ်ရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၆၅ ခုနှစ်မှစ၍ စာပေဗိမာန်အုပ်ချုပ်ရေးမှူး၊ စာတည်းမှူး၊ ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း အသီးသီးတာဝန်ထမ်း ဆောင်ခဲ့ပါသည်။
ထို့အပြင် ၁၉၃၅-၃၇ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ် ရိုဗာစကောက်ခေါင်းဆောင်၊ ၁၉၃၅-၃၆ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကျောင်းမဂ္ဂဇင်း အင်္ဂလိပ်စာတည်းအဖြစ်လည်းကောင်း၊ ၁၃၆ ခုနှစ်တွင် ဗကသညီလာခံသတင်းနှင့် ဝါဒဖြန့်ချိရေးမှူး၊ ၁၉၃၆-၃၇ ခုနှစ်တွင် မန္တလေး သူရိယသတင်း စာတွင် သတင်းထောက်အဖြစ်(စေတနာ့ဝန်ထမ်း)နှင့် နယူးဘားမားအင်္ဂလိပ်သတင်းစာ ကောလိပ် သတင်းထောက်(အခမဲ့ဝန်ထမ်း)အဖြစ်လည်းကောင်း၊ ရန်ကုန်မြို့ထုတ် အင်္ဂလိပ်သတင်းစာ ရန်ကုန် တိုင်းနှင့် ရန်ကုန်ဂေဇက်တွင် ဆောင်းပါးရေးသူအဖြစ်လည်းကောင်း၊ ၁၉၃၈ အောင်ကျော်အရေး အခင်းတွင် ပါဝင်လှုပ်ရှားသူနှင့်ဓာတ်ပုံသတင်းထောက်အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်တွင် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၇၆-၈၁ ခုနှစ်တွင် မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ စည်းရုံးရေးကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် မြန်မာစာအဖွဲ့ အချိန်ပြည့်အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မြန်မာ့သမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဂုဏ်ထူးဆောင်နာယက ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....