ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

တက္ကသိုလ်မောင်အောင်ဆွေ

အမည်ရင်းမှာ ဦးအောင်ဆွေဖြစ် ပြီး၊ ငယ်နာမည်မှာ မောင်စိုးညွန့် ဖြစ်သည်။ ကလောင် အမည်ခွဲများမှာ ရေကျော်အောင်ဆွေ၊ စာရေးဆရာတစ်ဦး၊ အောင်ဆွေတင့်၊ စကြာစန္ဒာတို့ဖြစ်သည်။ အဖ ဒဂုန်ဦးလှဘေ၊ အမိ ဒေါ်တုတ်တို့မှ ၁၉၄၁ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်၌ မွေးဖွား သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။
၁၉၅၁ ခုနှစ်ကတည်းက ရွှေပြည်တန်စာပုံနှိပ်တိုက်နှင့် ရွှေပြည်တန်စာအုပ်တိုက်လုပ်ငန်းများ ကြားတွင် ကြီးပြင်းရင်း စာရိုက်၊ စာစီ၊ စာအုပ်ချုပ်နှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများကို တတ်ကျွမ်း ခဲ့သည်။ ပုံနှိပ်လုပ်ငန်း၌ စာပြင်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး စာမူများ ကူညီတိုက်ဖတ်ပေးရာမှ စာရေးဆရာများ၏ စာပေအနုပညာ၏ရသခံစားမှု၌ စွဲမြဲကာ စာပေများကို ဖတ်ရှုလေ့လာခြင်းနှင့် ရေးပြချင်စိတ်များ ကိန်းဝပ်လာခဲ့သည်။
၁၉၅၈ ခုနှစ်ခန့်ကစပြီး ကလောင်အမည်အမျိုးမျိုးဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ငွေတာရီမဂ္ဂဇင်းတွင် “မနက်ဖြန်”ဆိုသည့်ကဗျာတစ်ပုဒ်ကို “ရေကျော်အောင်ဆွေ”ကလောင်အမည် ဖြင့် ပထမဆုံးရေးစပ်ခဲ့သည်။ ထို့နောက် ပထမဆုံးရေးသားသည့် ဆောင်းပါးကို “စာရေးဆရာ တစ်ဦး”ကလောင်အမည်ဖြင့် ထွန်းနေ့စဉ်သတင်းစာတွင် ရေးသားခဲ့သည်။ စာနယ်ဇင်းများတွင် မောင်အောင်ဆွေနှင့် စာရေးဆရာတစ်ဦး ကလောင်များဖြင့်ရေးသားခဲ့သည်။ ဗိုလ်တထောင်သတင်းစာ တွင် တနင်္ဂနွေစာပေနှင့်ယဉ်ကျေးမှုကဏ္ဍတွင် ဆောင်းပါးအဆက်မပြတ် ရေးသားခဲ့သည်။ တက္ကသိုလ် သို့ရောက်သောအခါ တက္ကသိုလ်မောင်အောင်ဆွေ ကလောင်အမည်ကို ခိုင်မာစွာယူခဲ့ပြီး ယနေ့အထိ စာပေများ အစဉ်တစိုက်ရေးသားခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....