ကိုယ်ရေးအကျဉ်း

စာရေးဆရာ Picture

ရန်အောင် မောင်မောင်

အမည်ရင်းမှာ ဦးမောင်မောင်ဖြစ်ပြီး၊ ကလောင်အမည်ခွဲများမှာ ဂေါ်လီမောင်မောင်၊ ချဉ်ဖြုံး၊ ရန်အောင်မိမိထွေး၊ လက်မရွံ့မောင်မောင်တို့ ဖြစ်သည်။ အဖ မြေစာရင်း အင်စပက်တော် ဦးမင်းကို၊ အမိ ဒေါ်သိန်းတို့က ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် ရမည်းသင်းခရိုင် ရန်အောင် မြို့ကျေးရွာအုပ်စု၌ မွေးဖွားသည်။ မွေးချင်း လေးယောက်တွင် အငယ်ဆုံးဖြစ်သည်။
ပျဉ်းမနားမြို့၊ အမျိုးသားအထက် တန်းကျောင်းနှင့် ကေအီးအမ်ကျောင်း၊ ပျော်ဘွယ်အမျိုးသား အထက်တန်းကျောင်း၊ ရမည်းသင်းဆရာဦးခင်မောင် အလွတ်ပညာသင်ကျောင်း၊ မန္တလေး၊ အထက(၁)တို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် ဆယ်တန်းအောင်မြင်သည်။ အင်းစိန် အရေး ပေါ် အင်ဂျင်နီယာသင်တန်း၊ ၁၉၅၀ ခုနှစ်တွင် အင်းစိန်ရှိထောင်မှူး သင်တန်းတို့ကိုလည်း တက် ရောက်ခဲ့သည်။
ထို့နောက် ၁၉၅၀ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် ထောင်မှူးဖြစ်ပြီး၊ ဂျန်ပန်ဝါကုမ္ပဏီ၌ စာရေး၊ ၁၉၆၆ ခုနှစ်၌ ဗန်းမော်ထောင်မှူးကြီး၊ ၁၉၇၅ ခုနှစ်တွင် ဒုတိယထောင်ပိုင်၊ ၁၉၇၉ ခုနှစ်တွင် ထောင်ပိုင် အဆင့် ၁၊ ၁၉၈၅ ခုနှစ်တွင် ထောင်ပိုင်အဆင့် ၂ အဖြစ် အမှုထမ်းခဲ့ပြီး ထိုရာထူးဖြင့်ပင် သက်ပြည့် အငြိမ်းစားယူခဲ့သည်။

စိတ်မကောင်းပါ၊ သင့်ရှာဖွေမှုနှင့်ကိုက်ညီသောစာအုပ်မရှိပါ....