စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှုဒါန်းပွဲကျင်းပ

စိတ်ကူးချိုချို စာအုပ်တိုက်၏ ၁၈နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆရာကြီး ဒေါက်တာသန်းထွန်း၏ အထင်ရှားဆုံး လက်ရာဖြစ်သော The Royal Orders Of Burma ကို ပြန်လည်စိစစ် ရိုက်နှိပ်ပြီး ဖြစ်သဖြင့် စာနယ်ဇင်းနှင့် စာဖတ်ပရိသတ်များထံသို့ မိတ်ဆက်ခြင်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာအုပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ လမ်းမတော်သံစျေးရှိ Myanmar Book Plaza တွင် ဇူလိုင်လ ၁၄ရက်နေ့ နေ့လည် ၁၂နာရီက ပြုလုပ်ခဲ့သည်။
ဆရာကြီး ဒေါက်တာသန်းထွန်း၏ The Royal Orders Of Burma သည် သမိုင်းသုတေသန နယ်ပယ်တွင် တန်ဖိုးကြီးမားသည့် စာအုပ်ဖြစ်သည်။ သမိုင်းဆိုင်ရာ အထောက်အထားများကို ၂၅နှစ်ကြာ စုဆောင်းခဲ့ကာ ၈နှစ်ကြာမျှ အချိန်ယူ ရေးသားပြုစုခဲ့သည့် စာအုပ်ဖြစ်သည်။ အဆိုပါစာအုပ်ကြောင့် ဆရာကြီးဒေါက်တာ သန်းထွန်းအား လန်ဒန်တက္ကသိုလ်က စာပေပါရဂူဘွဲ့ ထပ်မံပေးအပ်ခဲ့သည်။ စာအုပ်မှာ အတွဲ ၁၀တွဲ ရှိကာ စာမျက်နှာပေါင်း ၇၀၀၀နီးပါးရှိကာ မူရင်းအတိုင်း ပြန်လည်ထုတ်ဝေ ခြင်းဖြစ်သည်။
စာအုပ်လှူဒါန်းပွဲအစီအစဉ်မှာ စိတ်ကူးချိုချို၏ ဒုတိယအကြိမ်မြောက် လှူဒါန်းသည့် အစီအစဉ်ဖြစ်ပြီး ကချင် ပြည်နယ်အတွင်းရှိ ဝိုင်းမော်၊ မြစ်ကြီးနား၊ တနိုင်း၊ ချီဖွေ၊ ဆော့လော် မြို့နယ်များနှင့် ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၀၀ကို တစ်ကျောင်းလျှင် တန်ဖိုးငွေကျပ် ၅သိန်းရှိ စာအုပ်များကို မြို့နယ်ပညာရေးမှူးများကတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

စာအုပ်စျေးရောင်းပွဲကို ၂၀၁၇ သြဂုတ်လ ၁ရက်နေ့တွင် စတင်မည်

June 18, 2020